သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေဒုံးကျေးရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်မှာ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၅၇ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးဗေဒါကို အောက်တိုဘာ ၂၂ ရက် ဒီမနက် ၁၀ နာရီကျော်က သူရဲ့နေအိမ်မှာရှိနေချိန် လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
"သူက လယ်ထဲသွားဖို့ပြင်နေချိန်မှာ လာဝင်ပစ်သတ်သွားလို့တော့ သိရတယ်။ သူက စကစခန့်အုပ်ချုပ်ရေးမှူးတယောက်ဆိုတော့ စကစ ခိုင်းတာတွေ လုပ်ရတာတော့ရှိတယ်။ အဲ့ဒါကြောင့်ပဲ ရှင်းခံရတာဖြစ်နိုင်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးဗေဒါမှာ ဦးခေါင်းအနောက်ဘက်နဲ့ ဝမ်းဗိုက်မှာ ကျည်ထိဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့တွေဟာ ကျေးရွာကို လာရောက်ပြီး စစ်ဆေးမှုတွေ လုပ်သွားတယ်လို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လဲဆိုတာ မသိရှိရသေးပါဘူး။
စက်တင်ဘာ ၈ ရက် ညနေပိုင်းကလည်း စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ဦး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာရှိနေချိန် သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ ၅၁ နှစ်၊ ရာအိမ်မှူး ဦးမြင့်မော် ၅၀ နှစ်နဲ့ ကျေးရွာအရန်မီးသတ် ဦးမြင့်ရွှေ ၇၀ နှစ်တို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #စဉ့်ကူး #ရွှေဒုံးကျေးရွာ #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး #ပစ်ခတ် #သေဆုံး #သတင်း #မြေလတ်သတင်း
Share Share Share