စလင်းမြို့နယ်မှာ အင်အား ၁၀၀ ပါစစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

စလင်းမြို့နယ်မှာ အင်အား ၁၀၀ ပါစစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ရှိ ကျေးရွာ ၇ ရွာကို လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ အင်အား ၁၀၀ ပါ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီ ၂၆ ရက်က ၂ ကြိမ် ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

စလင်းမြို့နယ်ရှိ ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ တပ်က စစ်သားတွေနဲ့ တညောင်စခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အင်အား ၁၀၀ ရှိတဲ့ ခြေလျင်စစ်ကြောင်းဟာ တညောင်တိုက်နယ်ရှိ ကျေးရွာ ၇ ရွာကို ဧပြီ ၂၆ ရက်က လှည့်လည်စစ်ကြောင်းထိုးနေချိန် မနက် ၇ နာရီဝန်းကျင်လောက်မှာ ၁ ကြိမ်၊ ညနေ ၃ နာရီမှာ ၁ ကြိမ်၊ စုစုပေါင်း၂ ကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စလင်း သတင်းတာဝန်ခံက ပြောပါတယ်။

“မနက်အစောပိုင်းမှာ တညောင်စခန်းမှာ အင်အားစုဖွဲ့မှုပြုလုပ်ပြီးတော့ တညောင်တိုက်နယ် ၇ ရွာ‌ဘက်ကို စစ်ကြောင်းထိုးလာတာကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ရဲ** ၂ ဦးသေတယ်။ အထိအခိုက်လည်းများတယ်” လို့ သူက ဆိုပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွားတဲ့အချိန် ညနေပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီး တွေနဲ့ လိုက်လံပစ်ခတ်ခဲ့သေးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စလင်း သတင်းတာဝန်ခံက ပြောပါတယ်။

အဲဒီလို ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံရတဲ့အတွက် စစ်ကောင်စီဘက် ဒဏ်ရာရတဲ့သူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ 

သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကိုတော့ ဧပြီ ၂၉ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စလင်းမှ တပ်ဖွဲ့ဝင်များ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #စလင်းမြို့ #တညောင်တိုက်နယ် #စစ်ကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10