စဥ့်ကူးမြို့နယ်ရှိ ပျူစောထီးတွေက ဒရုန်းနဲ့ ဗုံးကြဲလို့ ညစဥ် ဒေသခံတွေ ရှောင်ပြေးနေရ

စဥ့်ကူးမြို့နယ်ရှိ ပျူစောထီးတွေက ဒရုန်းနဲ့ ဗုံးကြဲလို့ ညစဥ် ဒေသခံတွေ ရှောင်ပြေးနေရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာက ပျူစောထီးတွေက အနီးနားကျေးရွာတွေကို ညစဥ် ဒရုန်းနဲ့ လိုက်လံ ဗုံးကြဲနေတာကြောင့် ဒေသခံတွေရှောင်ပြေးနေရတယ်လို့ သိရပါတယ်။

ရွာသာယာကျေးရွာဟာ စဥ့်ကူးမြို့နယ်ထဲက မြစ်ကမ်းဘေးကျေးရွာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ကပ်လျက်မှာရှိတာပါ။ 

အဲဒီကျေးရွာမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေနေထိုင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းက ကမ်းဖြူ၊ ရေလည်မော်၊ မော်ဦးနဲ့ စဥ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာ၊ ကြက်တူရွေးကျေးရွာ၊ ဟင်္သာကြီးရွာတို့ကို အောက်တိုဘာလကတည်းက ညတိုင်း ဒရုန်းနဲ့ ဗုံးလိုက်ချနေတာလို့ ဒေသခံတွေက ပြောပါတယ်။

"ညတိုင်းတညမှ မအိပ်ရဘူး။ ည ၁၂ နာရီလောက်ဆိုရင် ဒရုန်းက တဝီဝီနဲ့ ခြံဝန်းတွေထဲ အထိဝင်တာ။ မနေ့ညက ကြက်တူရွေးရွာက အိမ်နဲ့ မော်ဦးရွာက အိမ်တွေထဲကျတယ်တဲ့။ အထိအခိုက်တော့ သေချာမသိရဘူး" လို့ ဝက်လက်မြို့နယ်၊ မြစ်ကမ်းဘေးအနီးကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ရွာသာယာကျေးရွာနဲ့ကပ်လျက် ဟင်္သာကြီးရွာနဲ့ ဟင်္သာမကျေးရွာတို့က ဒေသခံတောင်သူတွေရဲ့ လယ်ယာတွေကိုလည်း လုပ်ကိုင်ခွင့်မပြုဘဲ လယ်လုပ်တဲ့တောင်သူတွေကို လက်နက်ကြီးနဲ့ ပစ်တာ၊ ဒရုန်းနဲ့ ဗုံးချတာတွေလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒီနိုဝင်ဘာလထဲမှာပဲ။ ဟင်္သာမက ဒေသခံတယောက် သူ့လယ်ထဲ ထည်မောင်းနေတာကို ဒရုန်းနဲ့ ဗုံးချတာ။ ကံကောင်းလို့ လူကပြေးလို့လွတ်ပြီး နွားတွေထိသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကလည်း မီးထွန်းနေတဲ့ကလေးတွေကို  ရွာသာယာရွာမှ ပျူစောထီးတွေက ဒရုန်းနဲ့ဗုံးချခဲ့တာကြောင့် ဝက်လက်မြို့နယ်၊ သရက်ပင်ရွာက ကလေးငယ်သုံးဦး အပြင်းအထန်ဒဏ်ရာတွေ ရခဲ့ပါသေးတယ်။

ပုံစာ- အောက်တိုဘာ ၃၀ ရက်၊ ရွာသာယာကျေးရွာက ပျူစောထီးတွေ ဒရုန်းနဲ့ဗုံးလို့ ဒဏ်ရာရခဲ့တဲ့ ကလေးတွေ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဥ့်ကူးမြို့နယ် #ရွာသာယာကျေးရွာ #ပျူစောထီး #ဒရုန်း #ဗုံးကြဲ #ဝက်လက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10