ဆင်ဖြူကျွန်းရဲစခန်းအနီးလမ်းပိုင်းမှာ PDF တွေ စစ်ဆေးရေးပြုလုပ်

ဆင်ဖြူကျွန်းရဲစခန်းအနီးလမ်းပိုင်းမှာ PDF တွေ စစ်ဆေးရေးပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ရဲစခန်းအနီးက နွယ်တမယ်တံတားထိပ်နဲ့ ဆုတ်လေဦးလမ်းခွဲမှာ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တပြိုင်တည်း စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။  

မေ ၅ ရက်ဒီမနက် ၁၀ နာရီလောက်ကနေ ၁၁ နာရီလောက်အထိ လမ်းသွားလမ်းလာ ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ 

“ဒီနေ့ဆိုရင် နွယ်တမယ်အနီးထိကို စစ်ဆေးမှုတွေလုပ်ခဲ့တယ်၊ သူတို့ (စစ်ကောင်စီ)ရဲ့ အနီးအနားမှာ စစ်ဆေးမှုတွေလုပ်တာတောင် သူတို့ဘက်က လုံးလုံးတောင်မလှုပ်ခဲ့ဘူး၊” လို့ စလင်းပကဖ သတင်းတာဝန်ခံက ပြောပါတယ်။ 

စစ်ဆေးနေချိန် ဆင်ဖြူကျွန်းစျေးက စျေးသည်အချို့ကလည်း ကာကွယ်ရေးရဲဘော်တွေအနီးကို လာပြီး ကြည့်ရှုတာတွေရှိသလို ရေဗူးပေးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #စလင်း #ဆင်ဖြူကျွန်း #စလင်းပကဖ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10