ဆားတောင်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော် ၁ ဦးသေဆုံး

ဆားတောင်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော် ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ တို့ နိုဝင်ဘာ ၉ ရက်မနေ့ မနက် ၉ နာရီကျော်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွာခဲ့ရာ ကာကွယ်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့တယ်လို့ ဆားတောင်မြို့နယ်ပကဖက ပြောပါတယ်။

ဆားတောင်မြို့မစျေးအနီးမှာ စစ်ကိုင်းမြို့အခြေစိုက် မိုးကြိုးကာကွယ်ရေးအဖွဲ့ နဲ့ အင်အား ၄၀ ခန့်ရှိ စစ်သားနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တို့ မိနစ် ၂၀ ကြာ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

"စကစဘက်က ၁ ယောက်သေတယ်လို့ ကြားရပေမယ့် အတည်မပြုနိုင်ဘူး။ မိုးကြိုးအဖွဲ့က ၁ ယောက်ဒဏ်ရာရပြီးတော့ ၁ ယောက်ကျတယ်"လို့ ဆားတောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကပြောပါတယ်။

သေဆုံးသူမှာ အသက် ၃၀ ခန့်ရှိ ရဲဘော်အမျိုးသားတဦးဖြစ်ပြီး ၎င်းရဲ့ရုပ်အလောင်းကိုတော့ သူကိုင်ဆောင်တဲ့သေနတ်နဲ့အတူ ပြန်ယူနိုင်ခဲ့ကာ မနေ့ကပဲ သင်္ဂြိုဟ်လိုက်တယ်လို့  အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက် မနေ့ကညနေ ၄ နာရီကျော်အထိ စစ်ကောင်စီတပ်၊ ရဲ၊ ပျူစောထီးတွေက ဆားတောင်မြို့ရှိ လမ်းနေရာမှန်သမျှမှာ ကင်းပုန်းအသီးသီးချထားတာကြောင့် မြို့ခံတွေအနေနဲ့ လမ်းသွားလမ်းလာမလုပ်ကြဘဲ နေအိမ်တွင်းမှာနေနေကြရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ဆားတောင် #ကာကွယ်ရေးရဲဘော် #သေဆုံး #ထိတွေ့  #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10