ဆားလင်းကြီးမြို့နယ်က ဆဲဗင်းဂျူလိုင် သပိတ်စစ်ကြောင်း (Photo News)
        
        
        
        ဒီနေ့ကျရောက်တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ဈေးတခုမှာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတခု ပြုလုပ်ခဲ့ကြပါတယ်။
ဇူလိုင်လ ၇ ရက် ဒီကနေ့ မနက် ၆ နာရီခွဲက “၇.၆.၆၂ မမေ့ကြနဲ့” စာသားပါ ဘန်နာကိုကိုင်စွဲကာ သပိတ်စစ်ကြောင်း လှည့်လည်ခဲ့ပြီး လူထုကိုလည်း ကျောင်းသားသမဂ္ဂအကြောင်း ဟောပြောတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

 
 
 
အဆိုပါ သပိတ်စစ်ကြောင်းကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ လက်ပံတောင်းတောင်ပင်မသပိတ်နဲ့ ၅/လက်ပံတောင်း သပိတ်အင်အားစုတို့ စုပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာပါ။
 
        
        
        
           Share
        
  
        
           Share
         
        
           Share