ဆားလင်းကြီးမှာ သောက်သုံးရေ ရှားပါးတဲ့ကျေးရွာ ၃ ရွာကို လက်ပံတောင်း သပိတ်ကော်မတီက ရေလှူ

ဆားလင်းကြီးမှာ သောက်သုံးရေ ရှားပါးတဲ့ကျေးရွာ ၃ ရွာကို လက်ပံတောင်း သပိတ်ကော်မတီက ရေလှူ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ နွေရာသီအချိန်ကာလ သောက်ရေ၊ သုံးရေ ရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့အတွက် ဧပြီ ၂၈ ရက်က ရေကုသိုလ်အဖြစ် လှူပေးနေရတယ်လို့ လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီ အဖွဲ့ဆီက သိရပါတယ်။

ညောင်ပင်တို၊ ရွှေချမ်းစည်၊ ဖိုလ်ဝင်တောင်ကျေး ရွာ ၃ ရွာရဲ့ ကျေးရွာရေကန်အတွင်း ရေမရှိတော့ဘဲ သောက်ရေ၊ သုံးရေခက်ခဲနေတဲ့အတွက် လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီက ရေလှူပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဧပြီ ၂၈ ရက်မှာ ရွှေချမ်းစည်ရွာရဲ့ ဘုန်းကြီးကျောင်းကို ရေလှူဒါန်းပေးခဲ့သလို ဧပြီ ၂၉ ရက် ဒီနေ့မှာလည်း  အိမ်ထောင်စု ၅၀ ကျော် လူဦးရေ ၂၀၀ ခန့်နေထိုင်တဲ့ ရွှေချမ်းစည်ရွာကို သောက်သုံးရေထပ်မံ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

" ဒီတလ နှစ်လအတွင်းမှာ ရာသီဥတုကလည်း တအားပူတယ်။ မိုးကိုမျှော်နေကြတယ် " လို့ သပိတ်ကော်မတီ ဦးဆောင်သူက ပြောပါတယ်။

ရေလှူရာမှာ မီးသတ်ကားတစီးကို ရေဂါလံ ၉၀၀ ခန့်ပါရှိပြီး ကျေးရွာ အနီးအဝေးပေါ်မူတည်ကာ ရေတခေါက်ကို အလှူငွေ ၁ သိန်းကျပ်မှ ၁ သိန်းခွဲကျပ်အထိ ကုန်ကျစရိတ် ရှိတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် သပိတ်အဖွဲ့ဝင်တွေ ရေသွားရောက်လှူရာမှာလည်း အဖွဲ့ဝင် ၅ ဦးခန့်ပါဝင်ပြီး တခြား အဖွဲ့ဝင်တွေက စစ်ရှောင်ပြည်သူတွေနဲ့ မီးဘေးသင့်ပြည်သူတွေကို ထမင်း၊ ဟင်းချက်ပြုတ်ကျွေးမွေးတာ အအေးဒါနပြုလုပ်တဲ့အပိုင်းတွေမှာလည်း ကူညီလုပ်ကိုင်ပေးနေတယ်လို့ သိရပါတယ်။

ပုံစာ - ဧပြီ ၂၈ ရက်က သောက်သုံးရေလှူပေးနေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #ရေရှာပါး #ရေအလှူ #သပိတ်အဖွဲ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10