ဆိပ်ဖြူဘာမထီတပ်ဖွဲ့ရဲ့ ယူနီဖောင်းဖိုးအကြွေးကို ကမ်ပိန်းရငွေနဲ့ ပေးချေနိုင်ခဲ့

ဆိပ်ဖြူဘာမထီတပ်ဖွဲ့ရဲ့ ယူနီဖောင်းဖိုးအကြွေးကို ကမ်ပိန်းရငွေနဲ့ ပေးချေနိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာရှိ ရဲဘော်တွေအတွက် ယူနီဖောင်းတပ်ဆင်ပေးရာမှာ အကြွေးစနစ်နဲ့ ဝယ်ယူခဲ့ခြင်းဖြစ်ရာ အဲဒီအကြွေးကို ကမ်ပိန်းရငွေနဲ့ မေ ၁ ရက်က ပေးချေနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရဲဘော် ၄၀ ဦး အတွက် စစ်အသုံးအဆောင်ပစ္စည်းတွေကို အကြွေးစနစ်နဲ့ဝယ်ယူကာ ဧပြီ ၂၄ ရက်က တပ်ဆင် ပေးခဲ့ပြီး"၀တ်စုံဆင်တူ ထောက်ပို့ကူ" ပရော့ဂျက်မှ ရရှိငွေကျပ်သိန်း ၂၁၀ ကျော်ထဲမှငွေနဲ့ ယူနီဖောင်းဖိုး အကြွေးကို ပေးချေခဲ့ရတာလို့ ဆိုပါတယ်။ 

"ရှေ့တန်းထွက် ရဲဘော်တွေကို ဦးစားပေး တပ်ဆင်ပေးခဲ့တာပါ။ ပရော့ဂျက်ကြားရက်မှာ အကြွေးယူစနစ်နဲ့ တပ်ဆင်ပေးခဲ့တယ်။ ပရော့ဂျက်မှ ရရှိငွေနဲ့ ပြန်ချေခဲ့တာပါ" လို့ ဆိပ်ဖြူဘာမထီ တပ်ဖွဲ့ဝင် ရဲဘော်မိုက်ကယ် ကပြောပါတယ်။

ရဲဘော်တဦးကို ယူနီဖောင်းအဖြစ် အင်္ကျီ၊ ဘောင်းဘီရှည်၊ Equipment၊ ပွိုင့်ဖိနပ်၊ ဦးထုပ်၊ ခါးပတ်တို့ပါရှိပြီး ရဲဘော်တဦးကို ကျပ် ၅ သိန်းခွဲကျပ်နှုန်းနဲ့ ၄၀ ဦးအတွက် ကျပ်သိန်း ၂၂၀ ကုန်ကျစရိတ်ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အခုလို ရှေ့တန်းထွက် တိုက်ပွဲဝင်နေရတဲ့ ရဲဘော်တွေကို ယူနီဖောင်းတပ်ဆင်ပေးရာမှာ စိတ်ဓာတ်တွေ တက်ကြွဖို့နဲ့ စိတ်ဓာတ်တက်ကြွရင် ကိုယ်စီလုပ်ငန်းတာ၀န်တွေ တခြားကိစ္စတွေမှာ မနှောင့်နှေးတော့ဘဲ လုပ်ကိုင်နိုင်ကြတဲ့ အကျိုးတွေရှိတယ်လို့ သူက ရှင်းပြပါတယ်။ 

ပြီးခဲတဲ့ ၂၀၂၃ မတ်လပိုင်းကလည်း ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှာရှိတဲ့ ရဲဘော် ၄၀ ဦးအတွက် ယူနီဖောင်းတွေ တပ်ဆင်ပေးခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - ယူနီဖောင်းတပ်ဆင်ပေးထားသည့် ရဲဘော်များကို မေ ၁ ရက်က တွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ဆိပ်ဖြူ #ကာကွယ်ရေးတပ်ဖွဲ့ #ရဲဘော်များ #ယူနီဖောင်းတပ်ဆင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10