ဆောမြို့မှာ စစ်တပ်က သေနတ်နဲ့ပစ်လို့ တရားဟောဆရာသားအဖ ၂ ဦးသေဆုံး

ဆောမြို့မှာ စစ်တပ်က သေနတ်နဲ့ပစ်လို့ တရားဟောဆရာသားအဖ ၂ ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့ပေါ်  MPT တာဝါတိုင်ကုန်းရှေ့မှာ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ခရစ်ယာန်တရားဟောဆရာသားအဖ ၂ ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုဝင်ဘာ ၇ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲကျော်လောက်မှာ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဆောမြို့ပေါ်ကို ရောက်လာတဲ့အချိန်ပိုင်း ဓမ္မဆရာ ဆရာမန်ကွီးနဲ့ သူ့ရဲ့ သားဟာ သေနတ်ထိမှန်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“သူ့သားက လည်ပင်းကိုထိမှန်တာ။ အဲဒါကို သူတို့က(စစ်ကောင်စီ)က ဆေးရုံပို့ဖို့လုပ်တာ မမီလိုက်ဘူး။ ဆုံးသွားတယ်။ အခုပစ်ခတ်မှုက ငြိမ်နေတယ်။ အလောင်းတွေကိုလည်း ပြန်မရသေးဘူး။ သူတို့ဆီမှာရှိတုန်းပဲ။” လို့ ဆောမြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်သားတွေဟာ ဒီနေ့မနက်မှာပဲ ဆောမြို့ကိုလာတဲ့ ချင်းအမျိုးသား ၃ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီဖမ်းဆီးခံထားရတဲ့ အမျိုးသား ၃ ဦးကို အခုချိန်ထိ ပြန်လွှတ်ပေးတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

“သူတို့ ဘာသတင်းရထားလဲတော့ မသိဘူး။ မြို့ပေါ်မှာ စစ်ဆေးတာတွေလုပ်နေတယ်။ အဲ့ဒီအဖမ်းခံထားရတဲ့ ချင်းအမျိုးသား ၃ ယောက်ထဲက ၁ ယောက်ဟာ စိတ်ကျန်းမာရေးမကောင်းတဲ့သူလို့ သိရတယ်” လို့ သူက ဆက်ပြောပါတယ်။

အခုလက်ရှိအချိန်ထိလည်း ဆောမြို့ပေါ်မှာ အခြေအနေတွေ ရှုပ်ထွေးနေဆဲဖြစ်တဲ့အတွက် အနီးနားကျေးရွာက ပြည်သူတွေအနေနဲ့ ဆောမြို့ပေါ်ကို မလာကြဖို့နဲ့ စစ်ကောင်စီတပ်သားတွေကလည်း သူတို့ နဲ့ နီးစပ်တဲ့နေရာမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို နေအိမ်ကနေ ဖယ်ရှားခိုင်းတာမျိုးတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်ကလည်း ဆောမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က ဧည့်စာရင်း လိုက်လံ စစ်ဆေးတာမျိုးတွေပြုလုပ်ခဲ့တဲ့အပြင် တချို့အိမ်တွေကို ပုံစံ ၁၀ ပြခိုင်းတာ၊ လူပိုတွေ ရှိမရှိစစ်ဆေးတာမျိုးတွေ ပြုလုပ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါခရိုင် #ဆောမြို့ #MPT #တာဝါတိုင်ကုန်း #စစ်ကောင်စီတပ် #ခရစ်ယာန် #တရားဟောဆရာ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10