သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းတိုင်းထဲက မြို့နယ်တခုမှာ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် တော်လှန်ရေး အင်အားစုတွေက သပိတ်တရားဟောပြောပွဲနဲ့ ကဗျာသရုပ်ဖော် အော်ပရာကပြပွဲတွေ ပြုလုပ်ခဲ့ပြီး လူထုအင်အား တထောင်နီးပါး တက်ရောက်ခဲ့ကြတယ်လို့ မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီက ဇူလိုင်လ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၇ ရက်က ကျရောက်ခဲ့တဲ့ ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင်အခမ်းအနားမှာ သပိတ်ရဲဘော်တွေကနေ ပြည်သူလူထုကို “လေဆန်လမ်းရဲ့ စည်းဝါးခတ်သံ” ကဗျာကိုရွတ်ကာ အော်ပရာအဖြစ် ကပြဖျော်ဖြေပေးခဲ့ပြီး တော်လှန်ရေးသီချင်းတွေလည်း သီဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
“ပြည်သူတွေက အရင်က သိပ်မသိခဲ့ကြဘူး၊ အခု ပြဇာတ်ကိုကြည့်ပြီး ဒီတော်လှန်ရေးအစက ကျောင်းသားတွေကပဲ စတင်ခဲ့ပါလားဆိုပြီး တော်တော်လေးသိသွားကြတယ်။ သူတို့ကိုယ်တိုင် ပြဇာတ်ကိုကြည့်ပြီး အသံထွက်လာတာတွေ ကြားရတယ်” လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် မချောစုစံက မြေလတ်အသံကို ပြောပါတယ်။
ဒီအခမ်းအနားကို တကသများကွန်ရက်-မုံရွာနဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ဆဲဗင်းဂျူလိုင် #ကဗျာအော်ပရာပြသ #ပြည်သူလူထု
Share Share Share