သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇကျမ်းရဲစခန်းကို တိုက်ခိုက်ခဲ့တဲ့အပြင် ကား ၄ စီးနဲ့ စစ်ကူလာတဲ့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်အဖွဲ့ကို မြင်းခြံလမ်းပေါ်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force အဖွဲ့ဆီက သိရပါတယ်။
ရဲနဲ့ စစ်သား အင်အား ၃၀ ခန့်ရှိတဲ့ ဇကျမ်းရဲစခန်းကို နိုဝင်ဘာ ၁၂ ရက် မနက် ၅ နာရီ ၄၅ မိနစ်လောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြင်းခြံဘက်က ကား ၄ စီးနဲ့ စစ်ကူလာတဲ့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်အဖွဲ့ကိုလည်း အဲဒီနေ့မနက် ၆ နာရီ ၁၅ မိနစ်မှာ ထပ်မံမိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ဇကျမ်းရဲစခန်းကို ကာကွယ်ရေးပူပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကူလာတဲ့ သီတာယုမွန်အဖွဲ့ကိုလည်း မြင်းခြံကားလမ်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ဇကျမ်းရဲစခန်းက အပါအဝင် စစ်အုပ်စုဘက်က ၂၂ ယောက် သေဆုံးတယ်လို့ Freedom Revolution Force တာဝန်ခံ Lion က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Freedom Revolution Force၊ Burmese Guerilla Force (BGF)၊ တောင်သာမြို့နယ် ပကဖ နှင့် မဟာမိတ်ပူးပေါင်းတပ် တို့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#တောင်သာ #ဇကျမ်းရဲစခန်း #ထိခိုက် #တိုက်ပွဲ #PDF
Share Share Share