ဇီးဖြူကုန်းရွာက ပျူစောထီး ၄ ဦး စနိုက်ပါနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံး

ဇီးဖြူကုန်းရွာက ပျူစောထီး ၄ ဦး စနိုက်ပါနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာကနေ ကုလားပဲလာရိတ်တဲ့ ပျူစောထီး ၄ ဦးကို စနိုက်ပါနဲ့ပစ်ခတ်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA ဆီက သိရပါတယ်။

မတ် ၁၀ ရက် မနက် ၁၀ နာရီကျော်လောက်မှာ ဇီးဖြူကုန်းရွာကထွက်လာတဲ့ အသက် ၄၀ ကျော် အရွယ်အမျိုးသား ၂ ဦးနဲ့  အမျိုးသမီး ၁ ဦး၊ အသက် ၃၀ ကျော်အရွယ်အမျိုးသား ၁ ဦးတို့ကို ပစ်ခတ်ခဲ့ရာ အမျိုးသား ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ ကင်းပုန်းချထားတာကတော့ ၁ ပတ်လောက်ရှိပြီ။ သူတို့ ကုလားပဲလာသိမ်းတာနဲ့ ကျနော် တို့ကြိုတင်စောင့်ဆိုင်းနေတာနဲ့ ကွက်တိဖြစ်သွားတယ်။ ကျနော်တို့ပစ်လိုက်တော့ ၂ ဦးကတော့ ဝမ်းဗိုက်ထိသွားတယ်။ တယောက်ကတော့ ရင်ဘတ်ကိုထိသွားတယ်။ သူတို့ကျသွားတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်းကို မြင်ခဲ့ရတယ်” လို့ BNRA ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုညီနဂါးက ပြောပါတယ်။

ယခင်က ဇီးဖြူကုန်းရွာက ပျုစောထီးတွေဟာ ကောက်ပဲသီးနှံရိတ်ဖို့လာတိုင်း လက်နက်တွေ ယူဆောင်ခဲ့ကြပေမဲ့လည်း ဒီတခေါက်မှာတော့ လက်နက်တွေပါမလာဘဲ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အလစ်ငိုက်တိုက်ခိုက်တာကို ခံလိုက်ရတာလို့လည်း ဆိုပါတယ်။ 

ပစ်ခတ်ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်သွားချိန် ဇီးဖြူကုန်းရွာကနေ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကိုညီနဂါးက ပြောပါတယ်။ 

ဇီးဖြူကုန်းကျေးရွာဟာ ပျူစောထီးအင်အားကောင်းပြီး စစ်ကောင်စီတပ်ကသားတွေလည်း တပ်စွဲနေထိုင်နေတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း BNRA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင်သေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့သေးတယ်လို့ BNRA က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #ဇီးဖြူကုန်း #ပျူစောထီး #ပစ်ခတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10