သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ရုံးညောင်ပင်စက်လှေဆိပ်အနီး ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာက ကျောင်းသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။
ရေနစ်သေဆုံးသူမှာ ညောင်ဦးမြို့၊ တက်သိမ်းရပ်ကွက်နေ အသက် ၁၃ နှစ်အရွယ် Grade-6 ကျောင်းသား မောင်ခန့်ခန့်ဦးဖြစ်ပြီး အတန်းတူသူငယ်ချင်း ၂ ဦးနဲ့အတူ ဇန်နဝါရီ ၁၉ ရက် မနေ့နေ့လယ် ၁ နာရီလောက်မှာ မြစ်အတွင်းရေဆင်းကူးရာက ရေနစ်သွားခဲ့တာလို့ ဆိုပါတယ်။
“ ကလေးက သူ့သူငယ်ချင်းတွေကို ဟေ့ကောင်တွေ ငါရေငုတ်ပြမယ်ကြည့်နေဆိုပြီး ပြန်ပေါ်မလာတော့တာ။ ရေကအရမ်းလည်းမနက်ဘူး ရေလည်းကူးတတ်တယ်၊ အတက်ရောဂါဆိုတာမျိုးလည်းမကြားမိဘူး ” လို့ ညောင်ဦးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ရေနစ်သွားတဲ့ကျောင်းသားကို မြို့ခံရေငုတ်ကျွမ်းကျင်သူတွေ၊ မီးသတ်အဖွဲ့ဝင်တွေက ရှာဖွေရာ ညနေ ၄ နာရီခွဲကျော်မှာ စတင်ရေနစ်တဲ့နေရာအနီးမှာပဲ သေဆုံးလျက်တွေ့ရှိခဲ့ပြီး ကရုဏာရှင်ကူညီမှုအသင်းအကူအညီနဲ့ ညောင်ဦးခရိုင်ကုတင် ၂၀၀ ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီ ၂၃ ရက်ကလည်း ညောင်ဦးမြို့၊ အမှတ် ၁ ရပ်ကွက် ဧရာဝတီမြစ် နတ်သမီးရေချိုးဆိပ်မှာ အသက် ၂၀ နှစ်အောက် အမျိုးသားလူငယ် ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး တို့ ရေချိုးရာက အမျိုးသားလူငယ် ၁ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။
ပုံစာ - ရေနစ်သူမောင်ခန့်ခန့်ဦးကို ပိုက်ကွန်ဖြင့် ရှာဖွေနေမှုမြင်ကွင်း။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မန္တလေး #ညောင်ဦး #ကျောင်းသား #ရေနစ် #သေဆုံး
Share Share Share