တက်တူးထိုးပြီး တပ်ဖွဲ့ဝင်ငွေ ရှာပေးတဲ့ ရဲဘော်လေး

ကိုယ်တတ်ကျွမ်းတဲ့ ပညာနဲ့ တပ်ဖွဲ့ရံပုံငွေ ရှာပေးနေတဲ့ PDF ရဲဘော်တွေ တပ်ဖွဲ့တိုင်းလိုလိုမှာ ရှိနေကြတာပါ။ ယင်းမာပင် အခြေစိုက် ကျားသစ်နက်တပ်ဖွဲ့က ရဲဘော်ဘရိတ်ကီဟာ သူတတ်ထားတဲ့ တက်တူးထိုး ပညာနဲ့ တပ်ဖွဲ့ကို ရံပုံငွေရှာပေးနေတာပါ။

ရဲဘော်လေးဟာ စစ်ကောင်စီ စစ်ကြောင်းရှိရင် တိုက်ပွဲထဲ လိုက်ပါသွားခဲ့ပြီး နားတဲ့အချိန်တွေမှတော့ာ PDF တပ်ရင်းတပ်ဖွဲ့တွေက ရဲဘော်တွေနဲ့ အနီးအနား ရွာတွေက တက်တူးထိုးချင်တဲ့ သူတွေကိုပါ ထိုးပေးတယ်လို့ ရဲဘော်လေးက ဆိုပါတယ်။

တက်တူထိုးလို့ ရတဲ့ငွေနဲ့ တပ်ဖွဲ့က လိုအပ်တာတွေ ဝယ်ယူနိုင်ခဲ့ပြီး အခုဆိုရင် တက်တူးထိုးလို့ ငွေ ၅ သိန်းကျော် ရရှိခဲ့ပြီးလို့ သိရပါတယ်။  ရဲဘော်ဘရိတ်ကီဟာ တော်လှန်ရေးထဲမရောက်ခင် ဆံပင်ညှပ်တဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပြီး စစ်သားကြီးဖြစ်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုပ်တာ၊ မတရားတဲ့ လုပ်‌ရပ်တွေကို မကြိုက်လို့ တော်လှန်ရေးထဲ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10