တန့်ဆည်မှာ အမျိုးသားတဦးကို စစ်တပ်က ဖမ်းဆီးသတ်ခဲ့

တန့်ဆည်မှာ အမျိုးသားတဦးကို စစ်တပ်က ဖမ်းဆီးသတ်ခဲ့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သာကေတရွာသားတဦးကို စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးပြီး ဗိုက်ခွဲသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ခမရ ၃၆၁ စစ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအင်အား ၁၈၀ ခန့်စစ်ကြောင်းက မတ်လ ၁၉ ရက်မှာ သာကေတရွာကို ဝင်ရောက်လာပြီးနောက် အမျိုးသားတဦးကိုသတ်ခဲ့ပြီး နောက်ထပ်အမျိုးသာ းတဦးကိုတော့ ဓါးနဲ့မွှန်းထားခဲ့တာလို့ ဆိုပါတယ်။ 

ဗိုက်ကိုခွဲပြီး အူတွေ ဘေးကိုထုတ်ပြီးသတ်ထားခဲ့တယ်၊ သူက(အသတ်ခံရတဲ့သူက) ကလေး ၄ ယောက်ကျန်ခဲ့တယ်။ နောက်တယောက်က သေတော့မသေဘူး။ ဓားတွေနဲ့ မွှန်းထားတယ်၊ ပြေးရင်းနဲ့ ပက်ပင်းမိသွားကြတာ ထင်တယ်။လို့ တန့်ဆည်ဒေသခံတဦးက ပြောပါတယ်။ 

သူဆုံးသူဟာ အသက် ၅၀ အရွယ် ကိုဇော်ဦးဖြစ်ပြီး သူ့အလောင်းကို သာကေတရွာထဲမှာ ဗိုက်ခွဲပြီး အူတွေဆွဲနှုတ်ထားတဲ့အနေအထားနဲ့ ရွာသားတွေက တွေ့ရှိခဲ့တာပါ။ ဓားနဲ့မွှန်းခံထားရတဲ့ နောက်ထပ်ရွာသားတဦးကတော့ လက်ရှိမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မတ်လ ၁၉ ရက်မှာပဲ အဲ့ဒီစစ်ကြောင်းက ညောင်လေးပင်ရွာက နေအိမ် ၁၅လုံး၊ ညံသာရွာက နေအိမ် ၅ လုံး၊ တုတ္တလုပ်မြောက်ရွာက နေအိမ် ၁ လုံးနဲ့ စာသင်ကျောင်းဆောင် တဆောင်တို့ကို မီးရှို့ထားခဲ့ပါတယ်။ 

ဒီစစ်ကြောင်းဟာ မတ်လ ၁၈ ရက်မှာ ကန့်ဘလူမြို့ကနေ တန့်ဆည်မြို့နယ်ထဲကို ဝင်လာတာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ မြောက်အင်းရွာက နေအိမ် ၃၃ လုံးနဲ့ စပါးတင်း ၁၀၀၀ ကျော်၊ အိုးသည်ကုန်းရွာက နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

လက်ရှိ တန့်ဆည်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ခမရ ၃၆၁၊ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ တနယ်ရွာဘက်ကို စတင်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ တန့်ဆည်ဒေသခံတဦးက ပြောပါတယ်။

စာတည်း - လင်း  

#မြေလတ်အသံ

#စစ်ကိုင်း #တန့်ဆည် #စစ်ကောင်စီ #စစ်ကြောင်းထိုး #သတ်ဖြတ် #မီးရှီု့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10