တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကား၂ စီး မိုင်းဆွဲခံရလို့ ၁၁ ဦးသေပြီး ၁၉ ဒဏ်ရာပြင်းထန် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေ ကမ္မ-ကန်တော်-ပခုက္ကူလမ်းပိုင်းကို လုံခြုံရေးယူရဖို့ ထွက်လာတဲ့ စစ်ကောင်စီအင်အား ၇၂ ဦးဝန်းကျင်ပါ ကား ၂ စီးကို ကန်တော်နဲ့ ကမ္မအကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁၁ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာပြင်းထန်ကာ နံရိုးကျိုးပြီး ကိုယ်လက်အင်္ဂါပြတ်တာတွေလည်းရှိတယ်လို့ မြိုင်ပကဖဆီက သိရပါတယ်။

အဆိုပါ စစ်ယာဉ်တန်းကို မတ် ၂၈ ရက် ညနေ ၅ နာရီကျော်လောက်မှာ ထွက်လာပြီလို့ သတင်းရလို့ ပခုက္ကူမြို့နဲ့ ကန်တော်ရွာအကြားမှာ  မိုင်းပွိုင့်အကြီးစားနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

"တပ်မ ၁၀၁ ကနေ ညနေ ၄ နာရီ ၄၅ မိနစ်က‌ထွက်လာတာ၊ ကျနော်တို့မိုင်းဆွဲတာက ညနေ ၅ နာရီကျော်မှာပါ၊ ကားပေါ်မှာ ပါတာက ၃၃ ကောင်ပါတယ်၊ ပထမ ကားမှာပဲ မိုင်းပွိုင့်အကြီးနဲ့ မိသွားတယ်" လို့  တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

မိုင်းဆွဲခံရပြီး ကားကို ကန်တော်ရွာဘက် ဆွဲသွားပြီး ဒဏ်ရာရသူတွေကို အရေးပေါ်ဆေးကုနေကာ ‌မိုင်းထိပြီး ပျက်စီးသွားတဲ့ ကားက ကန်‌တော်-ကမ္မ-အရာ‌တော်-ဂျိုးပျံအကြားမှာရှိနေပြီး ပေါက်ဘက်ကို ဆက်သွားဖို့ ရှိတယ်လို့ ဆက်ပြောပါတယ်။

ကား ၂ စီးနဲ့ အင်အား ၇၂ ပါတဲ့ စစ်သားတွေဟာ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၁၊ ခလရ ၂၅၂၊ ခလရ ၂၅၃၊ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ ကဖြစ်ကြပြီး ကမ္မ-ကန်တော်-ပခုက္ကူလမ်းပိုင်းကို လုံခြုံရေးယူဖို့ ထွက်လာတာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ Black Cobra၊ PKU Thurain၊ DMG ဓါးမင်းကြီးတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ပခုက္ကူ  #ကမ္မကန်တော်ပခုက္ကူလမ်းပိုင်း #တပ်မ၁၀၁ #စစ်ကား၂စီး #မိုင်းဆွဲခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10