တရက်တည်း စစ်ကောင်စီဂိတ်စခန်း ၂ ခု ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဂိတ်စခန်း ၂ ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေက ၁ ရက်တည်းမှာပဲ ၂ ကြိမ်တိတိ Drone နဲ့သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Peacock Generation Z တပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၃၀ ရက် မနက် ၇ နာရီလောက်မှာ ဝက်လက်မြို့နယ် အနောက်ခြမ်း၊ လှတောရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို ကာကွယ်ရေးတပ်ဖွဲ့တွေက Drone ဗုံးသီး ၉ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့သလို အဲဒီနေ့ညနေ ၃ နာရီလောက်မှာ အရာတော်မြို့နယ်၊ ငွေတွင်းရွာက ပျူစောထီး စခန်းကို Drone ဗုံးသီး ၂ လုံးနဲ့ ထပ်မံသွားရောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ Drone ၂ စီးနဲ့ သွားပစ်ခဲ့တာ၊ Drone ၁ စီး ဆုံးရှုံးခဲ့တယ်။ ငွေတွင်းရွာကို ချခဲ့တာက စကစဘက်က ၂ ယောက်သေတယ်။ လှတောဘက်မှာလည်း ထိခိုက်တာတော့ရှိတယ်။ အတိအကျမသိရသေးဘူး။ သူတို့ဘက်ကလူတွေထိလို့  စစ်**တွေက လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြန်ပစ်တယ်”  လို့ Peacock Generation Z တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Drone နဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သားတွေ လူအင်အားထပ်ဖြည့်ထားတယ်လို့လည်းဆိုပါတယ်။ အဲ့ဒီမစ်ရှင်မှာ စစ်ကောင်စီပစ်ခတ်လိုက်လို့ Drone တစီးပျက်စီးသွားတဲ့အတွက် ရှေ့ဆက်ပြီး Drone မစ်ရှင်တွေ လုပ်ဆောင်နိုင်ဖို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။ 

ပစ်ခတ်မှုမှာ Peacock Generation Z တပ်ဖွဲ့နဲ့ ဗိုလ်ချုပ်ဝက်လက်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ Peacock Generation Z တပ်ဖွဲ့ဟာ အောက်တိုဘာ ၁၆ ရက်ကလည်း ဝက်လက်မြို့နယ်၊ ထိန်ကန်ကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက Shar Htoo Waw နည်းပညာ ဗုံးသီး ၅ လုံးနဲ့ ၂ ကြိမ်တိတိသွားရောက် ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ဇို

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံ #သတင်း #စစ်ကိုင်းတိုင်း #ဝက်လက် #အရာတော် #ပျူစောထီး #စစ်ကောင်စီ #ကာကွယ်ရေးတပ်ဖွဲ့ #ဒရုန်းတိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10