တိုက်ပွဲ ၃ ရက်မြောက်နေ့မှာ ကျားတက်ရဲစခန်းကို PDF တွေသိမ်းနိုင်ခဲ့

တိုက်ပွဲ ၃ ရက်မြောက်နေ့မှာ ကျားတက်ရဲစခန်းကို PDF တွေသိမ်းနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျားတက်ကျေးရွာရဲ့ နယ်မြေရဲစခန်းကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီကျော်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ULF (မဟာမိတ်တပ်ပေါင်းစု)က ပြောပါတယ်။

ရဲအပါအဝင် စစ်ကောင်စီတပ်သား ၈၅ ဦးခန့်နဲ့ အခိုင်အမာတပ်စွဲထားတဲ့ ကျားတက်ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ၂ ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် အခုလိုသိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

"အခုတော့ ရဲစခန်းထဲဝင်ပြီး ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်နေကြပြီ။ စခန်းအနီးက ကားလမ်းဘေးမှာတော့ မီးရှို့ထားခဲ့တဲ့ စကစအလောင်း ၇ လောင်းတွေ့ထားတယ်။" လို့ Union Liberation Frint (ULF) ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောပါတယ်။

အဲ့ဒီရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်တာတိုက်ခိုက်ခဲ့ရာ ၃ ရက်မြောက်ဖြစ်တဲ့ နိုဝင်ဘာ ၁၅ ရက်မှာတော့ စစ်သားနဲ့ရဲတွေအားလုံး စခန်းကိုစွန့်ကာ ပုလဲမြို့ပေါ်ကို ထွက်ပြေးသွားခဲ့ကြတာဖြစ်တယ်လို့ ကိုဂျော်ဒန်က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း နိုဝင်ဘာ ၁၄ ရက်မနက် ၆ နာရီမှာ မုံရွာအခြေစိုက် နမခ ကနေ Mi35 နဲ့ တိုက်ပွဲနေရာကို နာရီဝက်အကြာပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် PDF ဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ကျားတက်နယ်မြေရဲစခန်းကို ရှင်းလင်းရေးလုပ်ချိန်သိမ်းဆည်းရမိတဲ့ အသေးစိတ် အချက်အလက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ULF(တပ်ပေါင်းစု) ဒု - စစ်ကြောင်းမှူး ဗိုလ်မုတ်ဆိတ် ဦးဆောင်ပြီး ဒေသခံမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ဆားလင်းကြီးသတင်း #ကျားတက်ရဲစခန်း #စခန်းသိမ်း #PDF #စစ်ကိုင်းသတင်း #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10