တောင်သာက ရဲတပ်သား ၂ ဦးကို ပစ်ခတ်ရှင်းလင်း

တောင်သာက ရဲတပ်သား ၂ ဦးကို ပစ်ခတ်ရှင်းလင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ရဲတပ်သား ၂ ဦးကို ဒီဇင်ဘာ ၃၁ ရက် မနက် ၁၁ နာရီမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ပြောပါတယ်။

အသတ်ခံရသူ ၂ ဦးမှာ ကျောဇီကျေးရွာရဲစခန်းမှ အသက် ၃၀ ခန့်အရွယ်ရှိ ရဲတပ်ကြပ် ၁ ဦးနဲ့ အသက် ၂၀ ခန့်အရွယ် ရဲတပ်သား ၁ ဦးတို့ဖြစ်ပါတယ်။

"ဒီရဲ ၂ ယောက်က ဆိုင်ကယ်နဲ့ စခန်းကို ပြန်လာတဲ့အချိန်မှာ လမ်းခုလတ်တနေရာအရောက်မှာ ပစ်ခတ်လိုက်တာ။ ဆိုင်ကယ်နဲ့လူပါ ချောက်ထဲကျသွားပြီးတော့ ပွဲချင်းပြီးသေသွားတာ" လို့  မြင်းခြံခရိုင်အမှတ်-၃ တပ်ရင်းမှ ဆက်သွယ်ရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါ ရဲတပ်သား ၂ ဦးမှာ အရပ်ဝတ် ဝတ်ဆင်ကာ တလိုင်းတဲနဲ့ စည်သူကျေးရွာတွေဘက်ကနေ လိုင်းကြေးကောက်ယူပြီး ရဲစခန်းကိုဆိုင်ကယ်တစီးနဲ့ ပြန်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုပြီး ပစ်ခတ် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေဆီကနေ လက်ပစ်ဗုံး တလုံး ၊ ငွေသား တသိန်းခန့်၊ မှတ်ပုံတင်၊ ရဲဝန်ထမ်းကဒ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ တောင်သာမြို့နယ်ပကဖ၊ ပုဂံဘီလူးအဖွဲ့၊ The Value of Young Men (မြင်းခြံခရိုင်တပ်ရင်းအမှတ် ၈)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ကျောဇီရဲစခန်းမှာ တောင်သာမြို့နဲ့ မိုင် ၃၀ ခန့်ကွာဝေးပြီး ရဲတပ်သား ၂ ဦး အသတ်ခံရပြီးနောက်မှာတော့ ချက်ချင်းဆိုသလို တောင်သာမြို့ပေါ်ကနေ စစ်ကောင်စီတပ်ကားတစီး ရောက်ရှိခဲ့ပါတယ်။ ဇန်နဝါရီ ၁ ရက် ဒီကနေ့မှာတော့ အသတ်ခံရသူ ၂ ဦးကို သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #တောင်သာမြို့နယ် #ရဲတပ်သား #မြင်းခြံခရိုင်#တပ်ရင်း #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10