တောပုရွာက ပျူခေါင်းဆောင်အပါ ၃ဦး ပစ်ခံရလို့ သေဆုံး

တောပုရွာက ပျူခေါင်းဆောင်အပါ ၃ဦး ပစ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း ၊ တောပုရွာက ပျူစောထီးခေါင်းဆောင်တဦး နဲ့ တပ်ဖွဲ့ဝင် ၂ ဦး ဒီဇင်ဘာ ၂၉ ရက်ဒီနေ့ နေ့လယ် ၂ နာရီ ၂၀ လောက်မှာ PDF – South Monywa-V2 ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ ခေါင်းဆောင်အပါ ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တောပုရွာက ပျူစောထီး ၃ ဦးနဲ့ အမျိုးသမီးတဦးတို့ဟာ အိမ်စီးကားနဲ့ မုံရွာဘက်ကိုထွက်လာချိန် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မုံရွာ−ချောင်းဦးလမ်းပိုင်းတောပုရွာအထွက်တောပုဆိုင်းဘုတ်နား အရောက်မှာ ပစ်ခတ်ခဲ့တာလို့ Monywa-V2 တပ်ဖွဲ့ဝင်တဦးကဆိုပါတယ်။ 

"ပျူတွေထွက်မယ်လို့သတင်းအတိအကျရတဲ့အတွက်ရွာအထွက်မှာသွားရောက်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီပျူတွေထဲမှာတောပုပျူခေါင်းဆောင်တဦးဖြစ်တဲ့အရင်ကစစ်မှုထမ်းဟောင်း(အခုတော့ပျုအဖွဲ့ဝင်)ပါ။ သူတို့နဲ့အတူပါလာတဲ့အမျိုးသမီးကိုတော့အေးအေးဆေးဆေးပြန်လွှတ်ပေးလိုက်ပါတယ်။ ဘာရိုက်နက်မှုမှမပြုလုပ်ခဲ့ပါဘူး" လို့ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာမှာ ကားကတော့အခုချိန်ထိ ရှိနေတုန်းဖြစ်ကာ အနီးနားပတ်ဝန်းကျင်မှာတော့ ပျူစောထီးတပ်ဖွဲ့တွေက ကင်းပုန်းတွေများစွာချထားတယ်လို့ပြောပါတယ်။

People’s Defence Force – South Monywa  နဲ့အတူ Anyar Defense Force / Garuda King Monywa တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း South Monywa -V2 တပ်ဖွဲ့က  မုံရွာ−ချောင်းဦးလမ်းပိုင်းဘေးက ဘက်စုံမွေးမြူရေးခြံထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကိုသွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10