တော်လှန်ရေးကာလ လုပ်မှားကိုင်မှားတွေကို ထောက်ပြခဲ့တဲ့ အမျိုးသမီးသံချပ်အဖွဲ့ (ရုပ်/သံ)

အညာဒေသရဲ့မြို့နယ်တခုမှာ အမျိုးသမီးမဟာမိတ်အင်အားစု၏ Women Alliance Burma -WAB  မြန်မာ့ရိုးရာ တော်လှန်သင်္ကြန် အမျိုးသမီးသံချပ်အဖွဲ့က ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကစပြီး ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့အထိ ၃ ရက်ကြာ သံချပ်ထိုး ဖျော်ဖြေခဲ့ကြပါတယ်။ 

"အမျိုးသမီးသံချပ်ဆိုတာ ရှိတော့ရှိတယ်။ ဒါပေမဲ့ ရှားတယ်။ NUG၊ NUCC အနေနဲ့ လူထုကို ကိုယ်စားမပြုတဲ့ ကိစ္စတွေရှိခဲ့ရင် သံချပ်ထိုးပြောနေဦးမှာပါ" လို့ WAB အဖွဲ့ဝင် မအေးမြင့်အောင်အောင်က ပြောပါတယ်။

အခုလို ပြောဆိုရတာကလည်း ဝေဖန်တိုက်ခိုက်တာမျိုး မဟုတ်ဘဲ တော်လှန်ရေးအားကောင်းဖို့နဲ့ ထိရောက်မှုရှိဖို့ ဝေဖန်ထောက်ပြရတယ်ဆိုတာကို နားလည်ပေးစေချင်ကြတယ်လို့ သူက ဆက်ပြောပါတယ်။

နောင်နှစ်တွေမှာလည်း သံချပ်တွေကတဆင့် အတွေးခေါ်တော်လှန်ရေးနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြောင်းတွေကို သံချပ်ထိုးပြီးဆက်လက် ဖျော်ဖြေပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။ 

အမျိုးသမီးမဟာမိတ်အင်အားစုအဖွဲ့ မှာ အင်အားစုပေါင်း ၁၉ ခုရှိကာ ရန်ကုန်၊ မန္တလေး၊ မုံရွာလို မြို့ကြီးတွေနဲ့ ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင် စတဲ့အညာဒေသက မြို့နယ်တွေက သပိတ်ခေါင်းဆောင် အမျိုးသမီးတွေ ပါဝင်ပါတယ်။ 

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#အညာဒေသ #သင်္ကြန် #အမျိုးသမီးမဟာမိတ်အင်အားစု #သံချပ် #အမျိုးသမီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10