တော်လှန်ရေးနဲ့ဆက်နွယ်သူတွေကို ဖမ်းခိုင်းတဲ့ ပျူစောထီးဆိုသူ အသတ်ခံရ

တော်လှန်ရေးနဲ့ဆက်နွယ်သူတွေကို ဖမ်းခိုင်းတဲ့ ပျူစောထီးဆိုသူ အသတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ တော်လှန်ရေးနဲ့ဆက်နွယ်သူတွေကို ဖမ်းဆီးခိုင်းတဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးကို ဇန်နဝါရီ ၃၀ ရက် ညနေ ၅ နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Red Revolters အဖွဲ့ကထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူဟာ ပခုက္ကူမြို့၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး(စရဖရုံး)မှာ နေထိုင်တဲ့ ပျူစောထီး ငထူး ဆိုသူဖြစ်ပြီး “မြို့မလမ်းစတား” ဘီယာဆိုင်မှာ အပေါင်းအပါတချို့နဲ့ ဘီယာထိုင်သောက်နေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ 

ပစ်ခတ်ချိန် ဒဏ်ရာရခဲ့တာကြောင့် နေပြည်တော်ရှိ ဆေးရုံတခုကိုပို့ချိန် ည ၇ နာရီလောက်မှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“မြို့မှာရှိနေတဲ့ PDF တွေရဲ့ မိသားစုတွေကို ဖမ်းတယ်။ မဆိုင်တဲ့သူတွေကိုလည်း ရိုက်တယ်။ ကျနော်တို့ မိသားစုဝင်တချို့ဆို စစ်ကြောရေးမှာ သူနှိပ်စက်တယ်။ မြို့နေလူငယ်တွေကိုလည်း မဆီမဆိုင် ခေါ်ခေါ်ရိုက်တယ်။ အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ ပြဿာနာလိုက်ရှာတယ်။ လက်နက်ကိုင်ပြီး ပတ်သောင်းကျန်းနေတာ”လို့ The Red Revolters တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ငထူးဆိုသူဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး မြို့ခံအချို့အပြင် တော်လှန်ရေးနဲ့ ဆက်နွယ်သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ နေအိမ်တွေကို ချိပ်ပိတ်ခိုင်းတာမျိုးတွေ လုပ်ဆောင်နေကာ သူ့ကြောင့် ဖမ်းဆီးထောင်ချခံရသူတွေလည်းရှိတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

သူ့ကိုပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက်တွေမှာ စစ်ဆေးပြီး အင်္ကျီအဖြူဝတ်ထားတဲ့ အမျိုးသားတွေကိုလည်း ဖမ်းဆီးရီုက်နှက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘီယာဆိုင်မှာထိုင်နေတဲ့ လူငယ်တွေကိုဖမ်းဆီးထားပြီး ဘီယာဆိုင်ကိုလည်း ပိတ်ခိုင်းတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ပျူစောထီး #အသတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10