ထီးလင်းမှာ စစ်တပ်အထိုင်စခန်းနဲ့ ရဲစခန်း တိုက်ခိုက်ခံရ ၂ ဦးသေဆုံး ဒဏ်ရာရသူများပြား (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချနေတဲ့ စခန်းတွေကို ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၃ ရင်းပေါင်းထားတဲ့ Yaw Revolution Army -ထီးလင်း တပ်ဖွဲ့ဆီက သိရပါတယ်။

ထီးလင်းမြို့နယ်၊ ရွှေအောင်သာရွာ စစ်တပ်အထိုင်တပ်စခန်းကို ဧပြီ ၂၅ ရက် မနက် ၉ နာရီခွဲခန့်မှာ Fixed Wings ဒရုန်းဖြင့်၆၀ မမဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဂိုထောင်အဖြစ်အသုံးပြုနေတဲ့ အိမ် ၁ လုံးမီးလောင်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ ဒဏ်ရာရသူတွေအများအပြားရှိတယ်လို့ YRA ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

ထို့အတူ ဧပြီ ၂၆ ရက်  မနက် ၇ နာရီခန့်မှာလည်း ထီးလင်းမြို့နယ်၊ ရေမျက်နီနယ်မြေရဲကင်းစခန်းကို  Fixed Wings ဒရုန်းနဲ့ ၆၀ မမ ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီနေ့ ညနေ ၅ နာရီခွဲခန့်ကလည်း Fixed Wings ဒရုန်းနဲ့ ၆၀ မမ ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဗုံးသီးချပြီးတဲ့နောက် ဘန်ကာဆီထွက်ပြေးသွားတဲ့ စစ်သားတွေကို အသင့်စောင့်နေတဲ့ YRA ရဲဘော်များက လက်နက်ငယ်၊ ၄၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နာရီဝတ်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာခဲ့တယ်လို့ YRA တပ်ဖွဲ့ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ထီးလင်း #စစ်ကောင်စီ #YRA #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10