ဒိုက်ဦးထောင်က နိုင်/ကျဥ်းအမျိုးသမီးတွေကို ထောင်မှူးက သေနတ်နဲ့ချိန်ကာ အကြိမ်ကြိမ်ခြိမ်းခြောက်

ဒိုက်ဦးထောင်က နိုင်/ကျဥ်းအမျိုးသမီးတွေကို ထောင်မှူးက သေနတ်နဲ့ချိန်ကာ အကြိမ်ကြိမ်ခြိမ်းခြောက်

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အကျဥ်းကျနေတဲ့ နိုင်/ကျဥ်းသူတွေကို ထောင်မှူးက သေနတ်နဲ့ အမြဲတစေချိန်ရွယ်ပြီး မိသားစုနဲ့ဝေးကွားတဲ့ထောင်တွေဆီ ပို့ဆောင်လိုက်မယ်လို့ ခြိမ်းခြောက်မှုတွေလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်တာဝန်ခံက ပြောပါတယ်။

ဒိုက်ဦးထောင်ရဲ့ထောင်ဦးစီးမှူးလည်းဖြစ် အမျိုးသမီးအဆောင်ရဲ့အဆောင်မှူးဖြစ်တဲ့ ဒေါ်ဥမ္မာမြင့်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယအပတ်ကစတင်ပြီး နိုင်ငံရေးမှာတက်ကြွလှုပ်ရှားကြတဲ့ နိုင်/ကျဥ်းသူတွေကို အဓိကထားခြိမ်းခြောက်ကာ စိတ်ပိုင်းဆိုင်ရာ ဖိနှပ်မှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

"ဒီလိုခြိမ်းခြောက်တာက မကြာမကြာလုပ်တယ်။ ဒီဇင်ဘာတတိယအပတ်လောက်ကတော့ တော်တော်လေးကို သိသိသာသာဆိုးဆိုးဝါးဝါးကိုလုပ်လာတာ။ သူ မကြည်ရင် မကြည်သလိုမျိုးလုပ်တာ။ ရမ်းကားနေတာပေါ့" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါ တယ်။

ဒါ့အပြင် ဒေါ်ဥမ္မာမြင့်ဟာ နိုင်/ကျဥ်း အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ချယ်တာ၊ ခြိမ်းခြောက်တာ၊ ပါဆယ်အခက်အခဲဖြစ်အောင်လုပ်တာ၊ နိုင်/ကျဥ်းအမျိုး သမီးတွေနဲ့ တခြားအမှုနဲ့ ကျခံနေရသူတွေကို ရန်တိုက်စော်ကားစေတာ၊ တရားရုံးထွက်ချိန်တွေမှာလည်း အမျိုးသမီးတွေရဲ့ အရှက်သိက္ခာကို မငဲ့ကွက်ဘဲ မဖွယ်မရာ ရှာဖွေရေး လုပ်ခိုင်းတာ၊ အကျဉ်းသူတွေဆီက လာဘ်ပေးလာဘ်ယူတာတွေကို လုပ်နေတယ်လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

 ဒိုက်ဦးအကျဉ်းထောင်ရဲ့ ထောင်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လကစတင်ပြီး ပါဆယ်ပို့‌ဆောင်ရာမှာ ပေးပို့ရမယ့်ပစ္စည်းအ‌ရေ‌‌အတွက်ကို ကန့်သတ်တာ၊ ဘာသာစကားလေ့ လာသင်ယူခွင့်ကို ကန့်သတ်တာ၊ မိသားစုဝင်တွေရေးပို့လိုက်တဲ့ တရားဝင်စာတွေကို ပြန်သိမ်းတာ၊ ဆေးဝါးတွေပို့ခွင့်မရတာ၊ အိမ်‌နေ အဝတ်အစားတွေကို မိသားစုပါဆယ်လာပို့ချိန်မှာ ထောင်ပြင်ပကို ပြန်ပို့ခိုင်းတာ စတာတွေကို ဖိနှိပ်မှုတရပ်အဖြစ် အခုအချိန်ထိလုပ်နေဆဲလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်က သိရပါ တယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဒိုက်ဦးအကျဥ်းထောင် #နိုင်ကျဥ်း #ထောင်မှူး #ဒေါ်ဥမ္မာမြင့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10