ဒေသခံအမျိုးသားတွေနဲ့ ရင်ဘောင်တန်းခြင်းခတ်တဲ့ CDF-Asho အမျိုးသမီးစစ်သည်တွေ (ရုပ်/သံ)

အခုရုပ်သံကတော့ မကွေးတိုင်းအခြေစိုက်တဲ့ CDF-Asho ရဲ့ ရှေ့တန်းစခန်းတခုက အမျိုးသမီးစစ်သည်တွေဟာ စခန်းအနီးမှာရှိတဲ့ ဒေသခံအမျိုးသားတွေနဲ့ ပိုက်ကျော်ခြင်းခတ်နေတာ ဖြစ်ပါတယ်။

အခုလို ပိုက်ကျော်ခြင်းခတ်ရာမှာ ငွေကြေးနဲ့ ကစားတာမဟုတ်ဘဲ ဒိုက်ထိုးကြေး အပျော်တမ်း ကစားကြတာလို့ CDF-Ashoရဲ့ တာ၀န်ခံ ဆလိုင်းရိုးချင်းက ပြောပါတယ်။

CDF-Asho မှာရှိတဲ့ အမျိုးသမီးစစ်သည်တွေဟာ သူတို့ရဲ့ အားလပ်ချိန်တွေမှာ ရဲဘော်တွေနဲ့အတူ ခြင်းခတ်တာ၊ ဘောလုံးကန်တာ စတဲ့ အားကစားတွေကို ဆော့ကစားလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျား/မ ခွဲခြားမှုမရှိဘဲ စစ်ရေးလေ့ကျင့်မှုတွေမှာလည်း အမျိုးသားတွေနဲ့ အတူလေ့ကျင့်ရပြီး အားလပ်ချိန် အားကစားလုပ်ရာမှာလည်း တန်းတူဆော့ကစားစေတယ်လို့ ပြောပါတယ်။

CDF-Asho မှာရှိတဲ့ စစ်သမီးအများစုဟာ ရှေ့တန်းစစ်​စခန်းတွေမှာ ရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊ ရိက္ခာသယ်တာနဲ့ လက်နက်ခဲယမ်း ထောက်ပို့တာတွေကို အဓိကတာ၀န်ယူလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

သတင်းနှင့် တည်းဖြတ် - HP ၊ စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေး #CDFAsho #အမျိုးသမီးစစ်သည် #အားကစား #လေ့ကျင့်ခန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10