ဒေသအခြေပြု သတင်းဌာန ၉ ခု စုပေါင်းပြီး Burma Media Consortium (BMC) ဖွဲ့စည်း

ဒေသအခြေပြု သတင်းဌာန ၉ ခု စုပေါင်းပြီး Burma Media Consortium (BMC) ဖွဲ့စည်း


မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်များ အခြေပြုသတင်းဌာန (Local Media) ၉ ခုစုပေါင်းပြီး Burma Media Consortium (BMC) ကို ဇွန်လ ၁၃ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း BMC က ဇွန်လ ၂၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။


Burma Media Consortium (BMC)မှာ ကချင်ပြည်နယ်အခြေစိုက် The 74 Media၊ ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် Shwe Phee Myay သတင်းအေဂျင်စီ၊ ရှမ်းပြည် အရှေ့ပိုင်းနှင့် တောင်ပိုင်းအခြေစိုက် မဲခေါင် သတင်းဌာန၊ ချင်းပြည်နယ်အခြေစိုက် Zalen သတင်းဌာန၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအခြေစိုက် Mandalay Free Press သတင်းဌာန၊ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသ အခြေစိုက် Myaelatt Athan သတင်းဌာန၊ ရခိုင်ပြည်နယ်အခြေစိုက် Western News၊ ဧရာဝတီတိုင်းအခြေစိုက် Ayeyawaddy Times သတင်းဌာနနဲ့ တနင်္သာရီတိုင်း အခြေစိုက် Tanintharyi Times သတင်းဌာန စတဲ့ သတင်းဌာန ၉ ခု ပါဝင်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သတင်းမီဒီယာတွေနဲ့ သတင်းထောက်တွေကို စစ်ကောင်စီတပ်က ပြင်းထန်စွာဖိနှိပ်နေပြီး သတင်းရယူပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်အခြေအနေတွေ ဆိုးရွားစွာဖြစ်ပေါ်နေတာကြောင့် အဲ့ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ရေး ဒေသအခြေစိုက်မီဒီယာ ၉ ခုကို ပေါင်းစည်းတည်ထောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီအခက်အခဲတွေ စိန်ခေါ်မှုတွေကို သတင်းဌာနတခုချင်း ကျော်ဖြတ်တာထက် စုပေါင်းကျော်ဖြတ်ရင် ကိုယ့်တားဂတ်ဧရိယာက ပြည်သူတွေအတွက်ရော သတင်းဌာနတွေအတွက်ရော ပိုကောင်းမယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် ဒေသတွင်းအခြေစိုက်မှု၊ သတင်းထုတ်လုပ်မှု၊ သတင်းစာပညာအပေါ် ရပ်တည်ခံယူမှု၊ သတင်းဌာနလုပ်နိုင်စွမ်း စတာတွေ တူညီမှုရှိတဲ့ ဒေသအခြေစိုက် သတင်းမီဒီယာ ၉ ဖွဲ့ ပူးပေါင်းပြီး Burma Media Consortium ကို တည်ထောင်လိုက်တာ ဖြစ်ပါတယ်” လို့ BMC အဖွဲ့ဥက္ကဋ္ဌ ကိုဉာဏ်လင်းထက်က ပြောပါတယ်။

BMC မှာပါဝင်တဲ့ သတင်းမီဒီယာ ၉ ခုဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ်၊တိုင်း ၁၄ ခုအနက် ၁၀ ခုကို  လွှမ်းခြုံထားပြီး အဲ့ဒီပြည်နယ်၊ တိုင်းဒေသကြီးတွေအတွင်း နေ့စဉ်ဖြစ်ပွားနေတဲ့ ဖြစ်စဉ်၊ဖြစ်ရပ်တွေနဲ့ ပြည်သူလူထုသိသင့်သိထိုက်တဲ့ သတင်းအချက်တွေကို သတင်းထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ သတင်းထောက် ၁၅၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး  လက်ရှိအချိန်ထိ အကျဉ်းထောင်အတွင်း ချုပ်နှောင်ခံထားရသူ ၄၅ ဦးရှိကာ သတင်းဌာန ၁၅ ခုကိုလည်း စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခဲ့ပါတယ်။

 

#မြေလတ်အသံ

#BMC #မြန်မာ #သတင်းမီဒီယာ #Local #ပူးပေါင်းမှု #ထုတ်ပြန်ချက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10