ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်း ၊ မလွတ်မြောက်ခြင်းအပေါ် လက်နက်ကိုင်တော်လှန်ရေးသမားများ၏ အမြင်သဘောထား (ရုပ်/သံ)

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ဩဂုတ် ၁ ရက်က ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်ဟုဆိုကာ အမှုတချို့အတွက် ပြစ်ဒဏ် လျှော့ပေးခဲ့သည်။

ယင်းအခိုက်အတန့်တွင် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြပြီဟု အထင်မှားခဲ့ကြသည်။

အခြားတဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာမည်ဆိုပါက လက်ရှိလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နှင့် နိုင်ငံရေးအခင်းအကျင်းသည် မည်သို့ဖြစ်လာနိုင်မည်နည်းဆိုသည့် ဆွေးနွေးပူပန်မှုများ ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာမည်ဆိုပါက လက်ရှိ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နှင့် နိုင်ငံရေးအခင်းအကျင်း မည်သို့ဖြစ်လာနိုင်မည်နည်း၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကြား ပွတ်တိုက်မှုများဖြစ်ပေါ်လာနိုင်မည်လား စသည့်မေးခွန်းတချို့ကို အညာဒေသတွင်း အခြေစိုက် ကာကွယ်ရေးအဖွဲ့များဖြစ်ကြသည့် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်တပ်ရင်း၊ Bo Tiger-ဗိုလ်ကျားကြီးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) စသည့်တပ်ဖွဲ့၊ တပ်ရင်းများအပါအဝင် နွေဦးတော်လှန်ရေးကို လေ့လာစောင့်ကြည့်နေသူတို့နှင့် မြေလတ်အသံသတင်းဌာနက မေးမြန်းခဲ့ပါသည်။

#မြေလတ်အသံ

#အင်တာဗျူး #ဒေါ်အောင်ဆန်းစုကြည့် #ဦးဝင်းမြင့် #လွတ်ငြိမ်း #ပြစ်ဒဏ်လျှော့ #မြေလတ်ဒေသ #တော်လှန်ရေး #လက်နက်ကိုင် #နိုင်ငံရေး #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10