နတ်တလင်းမှာ PDF နဲ့ စစ်ကောင်စီ ထိတွေ့တိုက်ပွဲဖြစ် ၁ဦးကျဆုံးပြီး ၃ဦးဖမ်းဆီးခံရ

နတ်တလင်းမှာ PDF နဲ့ စစ်ကောင်စီ ထိတွေ့တိုက်ပွဲဖြစ် ၁ဦးကျဆုံးပြီး ၃ဦးဖမ်းဆီးခံရ

ပဲခူးတိုင်း အနောက်ခြမ်း နတ်တလင်းမြို့နယ်မှာ PDF နဲ့ စစ်ကောင်စီ ပတ်ကင်းတို့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ရာ PDF ၁ဦး ကျဆုံးပြီး ၃ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ Phonix DF အဖွဲ့ တာဝန်ခံဆီက သိရပါတယ်။

မတ်လ ၁၀ရက် ညပိုင်းမှာ PDF ၄ဦး လုံခြုံရေးအခြေအနေစစ်ဆေးဖို့သွားတဲ့ အဖွဲ့နဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်တို့ ‌နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်၊ ဖောင်အိုင်ကျေးရွာမှာ အပြန်အလှန်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာလို့ Phonix DF အဖွဲ့ တာဝန်ခံ အရှည်ကြီးက ပြောပါတယ်။

" သူတို့ကို ကင်းပတ်ဖို့ လွှတ်လိုက်တဲ့ အချိန်မှာ ဒလံတယောက်က ‌တွေ့သွားတယ်ထင်တယ်၊ ဒလံက သတင်းပေးလိုက်တယ်ဆိုတဲ့ သတင်းကြားတဲ့ အချိန်မှာ ကျနော်တို့ ပြန်ခေါ်တယ် ထွက်လို့မရတော့ဘူး ပိတ်မိသွားတယ်" လို့ တာဝန်ခံ အရှည်ကြီးက ပြောပါတယ်။

ည ၁၀နာရီဝန်းကျင်ကနေ မနက် ၃နာရီ နီးပါးအထိ ရဲနဲ့ စစ်သားတွေ ပိတ်ဆို့ထားတာကို ခုခံပစ်ခတ်ရင်း အသက် ၄၀အရွယ် ရဲဘော် ဘိုကြည် ကျဆုံးခဲ့ပြီး ကျန်တဲ့ ရဲဘော် ၃ဦးက ကျည်မလောက်တော့တာကြောင့် လက်နက်ချအဖမ်းခံလိုက်ရတယ်လို့ ပြောပါတယ်။

"ကျည်ကုန်သွားတော့ ကျန်တဲ့ ရဲဘော်သုံးယောက် လက်နက်ချလိုက်ရတယ် ကျဆုံးသွားတဲ့ရဲဘော်ကတော့ နောက်ဆုံးအချိန်ထိအသေခံတိုက်ပွဲဝင်သွားတယ်" လို့ နတ်တလင်း PDF Phonix DF အဖွဲ့ တာဝန်ခံ အရှည်ကြီးက ပြောပါတယ်။

နောက်ဆုံးအချိန်အထိ အသက်ပေးတိုက်ပွဲဝင်သွားတဲ့ ရဲဘော်ဘိုကြည်ကို ဂုဏ်ယူစွာ အလေးပြုကြောင်းနဲ့ မပြီးပြတ်သေးတဲ့ တော်လှန်ရေးကို ရှေ့ဆက်တော်လှန်သွားမယ်လို့ နတ်တလင်း Phonix DF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြေလတ်အသံ  

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10