နမခကထွက်လာတဲ့ စစ်ကြောင်းကို BNRA ခြုံခိုတိုက်ခိုက်၊ သေနတ် ၁ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိ

နမခကထွက်လာတဲ့ စစ်ကြောင်းကို BNRA ခြုံခိုတိုက်ခိုက်၊ သေနတ် ၁ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တပ်ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီ အင်အား ၇၀ ဦးဝန်းကျင်ကို ဘုတလင်မြို့နယ်၊ ထန်းတောရွာအနီးမှာ ကာကွယ်ရေးအဖွဲ့တွေက ခြုံခိုတိုက်ခိုက် ခဲ့ရာမှာ သေနတ် ၁ လတ်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်-BNRA အဖွဲ့ဆီက သိရပါတယ်။

ဧပြီ ၂၅ ရက် နမခ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဘုတလင်မြို့နယ်၊ ထန်းတောရွာအနီးမှာ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်-BNRA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ရှေ့ပြေးကာကင်း တပ်စိတ် ၁ စိတ်၊ ၁၀ ဦးခန့်ကို ကျ‌နော်တို့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး လက်နက်သိမ်းဆည်းရခဲ့တာ။ အကွာအဝေးက မီတာ ၅၀ အတွင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဘက်က ၃ ဦး လောက်သေတယ်” လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ MA 1 ၁ လက်၊ ကျည်အိမ် ၂ ခု၊ အီနာဂါ ၁ လုံး၊ စစ်ယူနီဖောင်းတို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးတဲ့နောက် အဲဒီစစ်ကြောင်းဟာ ရုံးသာရွာမှာ အခုလက်ရှိအချိန်ထိ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA တပ်ရင်း ၃ နဲ့ နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့ တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ - BNRA မှ သိမ်းဆည်းရရှိခဲ့သည့် သေနတ်၊ ခဲယမ်းနဲ့ စစ်ပစ္စည်းများကို တွေ့ရစဉ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့  #အနောက်မြောက်တိုင်းစစ်ဌာနချုပ် #ဘုတလင် #ထန်းတောရွာ #BNRA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10