နာရေးကားနဲ့ ထော်လာဂျီသုံးပြီးလာတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ၅ ဦးသေဆုံးဟုဆို

နာရေးကားနဲ့ ထော်လာဂျီသုံးပြီးလာတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ၅ ဦးသေဆုံးဟုဆို

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ရိုးရွာကိုရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၁၄ ရက် မနေ့မနက် ၅ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ညောင်ပင်ရိုးရွာကနေ သားကြင်ရွာဘက်ကို ထော်လာဂျီ ၂ စီး၊ နာရေးကား ၁ စီးနဲ့ထွက်ခွာလာတဲ့ အင်အား ၄၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားတွေကို ၂ ရွာအကြားအရောက်မှာ ပဒေသာမိုင်း ၈ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ သူတို့ကငါန်းဇွန်ကနေလာပြီး ညောင်ပင်ရိုးရွာမှာ ယာယီအထိုင်ချထားတာ။ ဒီကောင်‌တွေက ပြည်သူ ပိုင်ထော်လာဂျီနဲ့ နာရေးကားကိုယူပြီး ထွက်လာဝာာမှာ မိုင်းပွိုင့်အရောက်မှာ မိုင်းဆွဲလိုက်တာ” T.G.R People Defense Force တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထော်လာဂျီတစီးနဲ့ နာရေးကားတစီး ထိမှန်ပျက်စီးသွားပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးသွားကာ ၉ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆိုပါတယ်။

မိုင်းဆွဲတိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး/လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့လည်း ဒေသခံပြည်သူတွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သားကြင်ရွာကို ဝင်ရောက်ဆေးကုသနေပြီး၊ ဒီနေ့ မနက်ပိုင်းမှာ သားကြင်ရွာထဲမှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချနေသလို ငါန်းဇွန်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.Rပြည်သူ့ကာကွယ်ရေးတပ် T.G.R People Defense Force ၊ Black Eagle Defense Force (MMU) ၊ ငါန်းဇွန် ပ.က.ဖ (Ngazon People Defense Force) ငါန်းဇွန် ပကဖ တပ်ဖွဲ့ဝင်တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

ပုံစာ  - စစ်ကောင်စီတပ်သားများ စီးနင်းလာပြီး မိုင်းဆွဲခံရသည့် နာရေးကားနှင့် ထော်လာဂျီ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ငါန်းဇွန် #စစ်အုပ်စု #မိုင်းဆွဲခံရ #သေဆုံးမှုရှိ #PDF #ပူးပေါင်းတပ်ဖွဲ့ #တိုက်ခိုက်မှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10