နိုင်ငံတကာအမျိုးသမီးများနေ့မှာ လက်ပံတောင်းကျေးရွာက ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

နိုင်ငံတကာအမျိုးသမီးများနေ့မှာ လက်ပံတောင်းကျေးရွာက ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်းကျေးရွာက ၅ / လက်ပံတောင်းသပိတ်စစ်ကြောင်းဟာ ဒီကနေ့မှာကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

အဆိုပါသပိတ်စစ်ကြောင်းမှာ ဒေသခံတွေဟာ သွေးသစ္စာသီချင်းတွေကိုလည်း သီဆိုခဲ့ကြသလို “နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ ရှေ့တန်းမှာ ပါဝင်ကြသည်” စတဲ့စာတန်းကို ကိုင်ဆောင်ပြီး ဒီနေ့ညနေ ၆ နာရီလောက်မှာ လက်ပံတောင်းကျေးရွာအတွင်း ဆန္ဒပြခဲ့ကြပါတယ်။

“အခုလက်ရှိအချိန်ထိ စစ်အာဏာရှင်ကို ပြည်သူတွေက လက်မခံကြဘူး၊ ပြည်သူတွေ သွေးမအေးသေးဘူးဆိုတာကို ပြချင်တဲ့အတွက် အခုလိုဆန္ဒထုတ်ဖော်တာပါ” လို့ ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်သူတဦးက ပြောပါတယ်။

နောက်ထပ်လည်း သပိတ်စစ်ကြောင်းတွေ ထပ်မံလုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်ခရိုင် #ဆားလင်းကြီး #လက်ပံတောင်းကျေးရွာ #သပိတ် #စစ်ကြောင်း #အမျိုးသမီးများ #စစ်အာဏာရှင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10