နေရာဒေသအများစုမှာ နိုင်ငံရေး၊စီးပွားရေး၊လုံခြုံရေး တည်ငြိမ်အောင်လုပ်နိုင်ပြီလို့ စစ်ခေါင်းဆောင်ပြော

နေရာဒေသအများစုမှာ နိုင်ငံရေး၊စီးပွားရေး၊လုံခြုံရေး တည်ငြိမ်အောင်လုပ်နိုင်ပြီလို့ စစ်ခေါင်းဆောင်ပြော

မြန်မာနိုင်ငံရဲ့အချို့ဒေသများမှအပ နေရာဒေသအများစုမှာ နိုင်ငံရေး၊စီးပွားရေး၊လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်တဲ့ ၁၁ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ ( MCIS - 2023) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗီဒီယိုကနေတဆင့် မိန့်ခွန်းပေးပို့ပြောဆိုခဲ့တာကို စစ်တပ်ပိုင် မြဝတီမီဒီယာက ဩဂုတ်လ ၁၆ ရက် မနေ့ညပိုင်းက ထုတ်ပြန်ထားတာပါ။
 

လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိတဲ့ ပါတီကို အာဏာပြန်လွှဲပေးနိုင်ဖို့ နိုင်ငံတဝန်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားနေတယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံနေရာဒေသအများအပြားမှာ EAO၊ PDF တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေသလို လုယက်သတ်ဖြတ်မှုတွေလည်း အများအပြားဖြစ်ပေါ်ပြီး မတည်ငြိမ်မှုတွေ မြင့်တက်နေတာပါ။

ဒါ့အပြင် အခြေခံစားကုန်တွေအပါအဝင် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး ငွေကြေးဖောင်းပွမှုတွေကြောင့် ကျပ်ငွေတန်ဖိုးမှာလည်း ဆက်တိုက်ဆိုသလို ကျဆင်းမှုတွေ ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။

#မြေလတ်အသံ 

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #MilitaryCoup #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10