နောင်ကြီးအိုင်ရဲစခန်းက စစ်အုပ်စု ၁ လကျော်ကြာ တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေး

နောင်ကြီးအိုင်ရဲစခန်းက စစ်အုပ်စု ၁ လကျော်ကြာ တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တလကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက်မှာတော့ စစ်ကောင်စီက စခန်းကို စွန့်ခွာသွားတယ်လို့ ကာကွယ်ရေးအဖွဲ့ တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂ ရက်ကတည်းက မုံရွာခရိုင်တပ်ရင်းတချို့နဲ့ အရာတော်မြို့နယ်က နယ်မြေခံ ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းကာ စခန်းပတ်လည်ကို ရိက္ခာဖြတ်တောက် ပိတ်ဆို့ထားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့စဉ်တိုက်ခိုက်ခဲ့တာပါ။

ဒီစခန်းမှာ စစ်ကောင်စီအင်အား ၃၀ ကျော်ရှိပြီး ဒီဇင်ဘာ ၂၀ ရက်မှာ စခန်းကနေ စွန့်ခွာသွားကြတာလို့ ဆိုပါတယ်။ 

“နေ့ရော ညရော ၂၄ နာရီအပြည့် အင်အားအလုံးအရင်းနဲ့ ဝိုင်းထားတာ၊ သူတို့နည်းနည်း လှုပ်ရှားမှုရှိတာနဲ့ ကျနော်တို့ဘက်က ပစ်ခတ်တာမျိုး၊ ဒရုန်းနဲ့တိုက်တာမျိုး၊ ၆၀ မမတွေနဲ့ တိုက်တာမျိုးတွေ တောက်လျှောက် ဖိအားပေးလုပ်ခဲ့တာ၊  အဲ့တော့ သူတို့က ရဲစခန်းတွင်းမှာပဲ နေရတော့တာ ဘယ်မှထွက်လို့မရတော့ဘူး၊ ရွာထဲမှာလည်း ပြည်သူတွေမရှိတော့ အသား ငါး ပိုင်းလည်းမရဝောာ့ဘူး၊ အမှန်ကတော့ လုံးဝဖြတ်တောက်ရေး၊ ဖြတ် ၄ဖြတ် လုပ်လိုက်တဲ့ သဘောပဲ။”လို့ အရာတော်မြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က အဆိုပါရဲစခန်းကို အရာတော်ကနေ အင်အား ၆၀ကျော်နဲ့ ထောက်ပို့စစ်ကြောင်း တခုရောက်လာခဲ့ပြီး ၂၀ ရက်မှာတော့ စခန်းမှာရှိတဲ့ တပ်သားတွေက အဲ့ဒီထောက်ပို့ စစ်ကြောင်းနဲ့အတူ ပြန်လည်လိုက်ပါသွားကာ စခန်းကိုစွန့်သွားတာလို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းထွက်ခွာရာ လမ်းတလျှောက်မှာလည်း လိုက်လံတိုက်ခိုက်ခံရလို့ အထိနာကာ အရာတော် စစ်အခြေခံလေ့ကျင့်ရေးတပ် - စခတ ၁၀ နဲ့ ၅၀၀၄ တင့်ကားတပ်ကနေ စစ်ကူစစ်ကြောင်း ‌၂ ကြောင်းထွက်ခဲ့ပြီး မုံရွာ နမခ ကလည်း Mi35နဲ့ ပစ်ခတ်ကာ စစ်ကြောင်းထွက်လို့ရအောင် လမ်းရှင်းပေးသွားတယ်လို့ ဆိုပါတယ်။

အရာဝောာ်မြို့ပေါ်က စစ်‌ကောင်စီအသိုင်းအဝိုင်းဘက်မှာတော့ ဒီပစ်ခတ်မှုကြောင့် တပ်သား ၁၈ ဦးသေဆုံးကာ ကာကွယ်ရေးရဲဘော်တွေဘက်က ၂၅ ယောက် သေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ရဲဘော်တွေဘက်က အမှန်တကယ် ကျဆုံးမှုမရှိဘဲ ခေါင်းကို လက်နက်ကြီးစ ထိမှန်ဒဏ်ရာ တဦးသာ ရတယ်လို့ သူက ဆက်ပြောပါတယ်။

“မြို့တွင်းမှာ သူတို့ဘက်က ၁၈ ယောက်လောက်ပဲ သေတယ်ပေါ့၊ တော်လှန်ရေးသမားတွေဘက်က Mi 35 နဲ့ပစ်ခံရလို့  ၂၅ ယောက်လောက်သေတယ်လို့ သတင်းကြားလို့ သူတို့ဘက်က အမြတ်ထွက်တယ် ဆိုပြီး ကနေတယ်လို့တောင် သတင်းကြားတယ်။”လို့ အရာတော်မြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

ခုထွက်ပြေးသွားတဲ့ စစ်အုပ်စုဟာ နောင်ကြီးအိုင်ရဲစခန်းမှာ ၂၀၂၁ သြဂုတ်လ ၁၀ ရက်ကတည်းက စတင်တပ်စွဲခဲ့တာဖြစ်ပြီး အရာတော်မြို့နယ်မြောက်ပိုင်းမှာ တခုတည်းကျန်နေတဲ့ စစ်ကောင်စီစခန်းလည်း  ဖြစ်တယ်လို့ သိရပါတယ်။

“အရာတော်မြောက်ခြမ်းက အဲ့ရဲစခန်းပဲရှိတယ်၊ အစကတော့ အဲ့**ခြံရှိတော့ အဲ့နားတဝိုက်က ထိန်းချုပ်ထားသလို ဖြစ်နေတာ၊ ခုအနေထားကတော့ အရာတော်မြောက်ခြမ်းအားလုံးက လွတ်မြောက် နယ်မြေပုံစံမျိုးဖြစ်သွားပြီ” လို့ အရာတော်မြို့နယ် ပအဖ ခေါင်းဆောင်က ပြောပါတယ်။

နောင်ကြီးအောင်ရဲစခန်းကို တလကျော်ကြာ ပိတ်ဆို့တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၆၊ ၁၈၊ ၁၉၊ ၂၄၊ ၂၆၊ အရာဝောာ်တိုက်နယ် အဖွဲ့အစည်းတွေ၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေ စုပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #နောင်ကြီးအိုင် #စစ်ကောင်စီ #စခန်းစွန့် #ထွက်ပြေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10