နှစ်ရက်ကြာသည့်တိုင် ချီပါရွာကနေ ရှေ့တိုးမရတဲ့ စစ်ကောင်စီစစ်ကြောင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာတံတားနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရှေ့ဆက်တိုးမရသေးဘဲဖြစ်နေတယ်လို့ သိရပါတယ်။

ယမန်နေ့ ဧပြီ ၁၈ ရက် မနက် ၅ နာရီမှာ ရွှေဘိုကနေထွက်လာတဲ့စစ်ကြောင်းဟာ ချီပါရွာတံတားအနီး နေ့လယ် ၁ နာရီခွဲလောက်မှာ ဒေသခံတော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့မှု ၁ နာရီကျော်ကြာ ဖြစ်ခဲ့တာလို့ BNRA ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ စစ်သားအင်အား ၅၀ ဦးလောက်နဲ့ ရွှေဘိုမြို့ထဲကနေ ထွက်လာတဲ့ဖြစ်ပြီး ထပ်မံပူးပေါင်းအရ ၁၂ ဘီးကား ၁ စီး အိမ်စီးကား ၂ စီးနဲ့ အင်အား ၁၅၀ ဖြစ်လာတဲ့အချိန် ချီပါရွာတံတားအနီးမှာ ထိတွေ့မှု ၄ ကြိမ်ဖြစ်ပွားခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ပြင်းပြင်းထန်ထန်ဟန့်တားနိုင်တဲ့အတွက်ကြောင့် စစ်ကြောင်းက ရှေ့ကိုမတိုးနိုင်ဘဲ မနေ့က ထိတွေ့မှုဖြစ်တဲ့နေရာမှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်နေပြီး လက်ရှိအချိန်အထိ (ယနေ့ ဧပြီ ၁၉ ရက် နေ့လယ်အထိ) ချီပါရွာထဲမှာပဲ ဒဏ်ရာရတဲ့သူတွေကို ဆေးကုသမှုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို BNRA ရဲ့ ဒရုန်းတပ်ရင်း "Project Flight" ကဦးဆောင်ပြီး ရွှေဘို UG အဖွဲ့၊ မဟူရာ ရွှေဘို Local အဖွဲ့၊ ရောင်နီအဖွဲ့၊ ရွှေဘိုအားမာန်အဖွဲ့၊ တကောင်ဖွား ရှားထူးဝေါ နည်းပညာအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ရွှေဘို #စစ်တပ် #စစ်ကြောင်း #တိုက်ခိုက် #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10