ပခုက္ကူခရိုင်တပ်ရင်း ၃ ထံ ပေါက်ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

ပခုက္ကူခရိုင်တပ်ရင်း ၃ ထံ ပေါက်ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်အမှတ် ၃ တပ်ရင်းထံကို ပေါက်မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦး လက်နက်ခဲယမ်း တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဧပြီ ၂၇ ရက် ပခုက္ကူခရိုင်တပ်ရင်း ၃ ထုတ်ပြန်ချက်အရ သိရပါ တယ်။

အလင်းဝင်လာသူမှာ အသက် ၂၁ နှစ်အရွယ် ရဲတပ်သား စည်သူဗိုလ် ဆိုသူဖြစ်ပြီး ပခုက္ကူခရိုင်တပ်ရင်း ၃ ကို ဆက်သွယ်လာတဲ့အတွက် ဇန်နဝါရီ ၁၆ ရက်မှာ သွားရောက်ခေါ်ဆောင်ကာ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ ရဲဘော်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကြောင့် သတင်းထုတ်ပြန် ချက်ကို အခုမှထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

"ကျနော်တို့ တပ်ရင်းကို ဆက်သွယ်လာတာပါ။ ရဲဘော်တွေ သွားခေါ်ခဲ့ရတယ်။ ရင်း ၃ ကို အလင်းဝင်တာ ဒီတဦးပဲ ရှိပါသေးတယ်" လို့ ပခုက္ကူခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အလင်းဝင်လာတဲ့ ရဲဘော်ဟာ  BA 94 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု ၊ 9mm ကျည် ၃၀ တောင့်နဲ့အတူ အလင်းဝင်ရောက်လာတာကြောင့် ဆုငွေ သိန်း ၃၀ ကျပ် ချီးမြှင့်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ ရဲတပ်သားကို တပ်ရင်းအနေနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး သူရဲ့သဘောဆန္ဒအရ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်နေကြသူတွေအနေနဲ့ တော်လှန် ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံးပူးပေါင်းကြဖို့နဲ့ ပခုက္ကူခရိုင်အမှတ် ၃ တပ်ရင်းကလည်း ကြိုဆိုနေတယ်လို့ အသိပေး ပြောဆိုထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ပေါက် #စစ်ကောင်စီ #ရဲတပ်သား #လက်နက်ခဲယမ်း #အလင်းဝင် #ဆုငွေချီးမြှင့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10