ပခုက္ကူမှာ မဟာမိတ်ညီနောင် ၃ ဖွဲ့ကို ဆန့်ကျင်ဆန္ဒပြတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ

ပခုက္ကူမှာ မဟာမိတ်ညီနောင် ၃ ဖွဲ့ကို ဆန့်ကျင်ဆန္ဒပြတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ စစ်ကောင်စီမိသားစုတွေနဲ့ ပျူစောထီးတွေက ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲနေကြတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကို ဆန့်ကျင်ကြောင်း ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီ့ဆန္ဒပြပွဲကို အင်အားဖြည့်သွားရောက်ခဲ့ကြတဲ့ အနောက်ဘုန်းကံကျေးရွာက ပျူစောထီးခေါင်းဆောင် မင်းဇော်ဦးအဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေနေထိုင်ကြတဲ့နေရာတွေကို ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီကျော်မှာ Rocket ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ပျူနဲ့ စကစတွေ ဆန္ဒပြပွဲကနေ ရွာကိုပြန်ရောက်လာတဲ့အချိန်မှာ တိုက်ခိုက်တာ။ ၁၀ လုံးစလုံး ရွာထဲကျတယ်။ ထိခိုက်မှု အခြေအနေကိုမသိရဘူး။ ရွာမှာက ဒေသခံတွေတယောက်မှ မရှိကြတော့ဘူး" လို့ COBRA ONE မှ ခေါင်းဆောင်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Cobra One PKU၊ Tar Tay PKU၊ စနေမင်း( မြိုင်)၊  Banyein ၊ PKU N PDF ၊ ဆင်ညီနောင် တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အနောက်ဘုန်းကံကျေးရွာမှာ အိမ်ခြေ ၃၀၀ ခန့်ရှိကာ ပခုက္ကူမြို့နဲ့ ၁၀မိုင်ခန့်ဝေးပါတယ်။

ရွာထဲမှာ စစ်ကောင်စီ တပ်အပါအဝင် ပျူစောထီးအင်အား ၃၀ ကျော်က ၂၀၂၂ ခုနှစ်ကတည်းက ဝင်ရောက်တပ်စွဲထားကြောင့် PDF တွေရဲ့ တိုက်ခိုက်မှုကို မကြာခဏခံနေရတဲ့ ကျေးရွာတရွာလည်းဖြစ်ပါတယ်။

PDF တွေရဲ့ တိုက်ခိုက်မှုကို မကြာခဏခံနေရတာကြောင့် ကျေးရွာဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေဆီကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာ လက်ရှိမှာ ပျူစောထီးတွေရဲ့မိသားစုတွေပဲ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာကနေထွက်ပြေးသွားနေကြသူတွေအနေနဲ့ မိမိနေအိမ်တွေဆီကို ပြန်မလာရင် ဖျက်ဆီးပစ်မယ် ဆိုပြီး ပျူစောထီးခေါင်းဆောင် မင်းဇော်ဦးက ခြိမ်းခြောက်မှုတွေလည်းရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေဆီက သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့ #စစ်ကောင်စီ #ပျူစောထီး #၁၀၂၇စစ်ဆင်ရေး #ညီနောင်မဟာမိတ်  #ဆန္ဒပြ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10