ပရဟိတကျောင်းက ကလေးငယ်သုံးရာကျော်အတွက် အာဟာရအလှူရှင်တွေ လိုအပ်နေ

ပရဟိတကျောင်းက ကလေးငယ်သုံးရာကျော်အတွက် အာဟာရအလှူရှင်တွေ လိုအပ်နေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ အုန်းခြံရပ်ကွက်မှာရှိတဲ့ ရတနာအလင်းရောင်မိဘမဲ့ကျောင်းက ကလေးငယ် ၃၃၀ အတွက် အဟာရကုသိုလ်အလှူရှင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

နေ့စဉ်ကျွေးမွေးနေရတာဖြစ်တဲ့အတွက် ရေရှည်ရပ်တည်ရေးမှာ အခက်ခဲများရှိနေပြီး အွန်လိုင်းကနေ လှူဒါန်းတာမျိုးတွေ ရှိနေပေမယ့် လုံလောက်မှုမရှိဘူးလို့ ယနေ့ မတ်လ ၈ ရက်နေ့မှာ ဦးဆောင်ဆရာတော်ဦးဇင်းဥူးကေတုက မြေလတ်အသံကို မိန့်ကြားပါတယ်။



"ဆန်တနေ့ကိုသုံးအိတ်လောက်ကုန်တယ်။ ဆန် ဆီ ဆား ကြက်သွန်နီ ငါးခြောက် ပဲ စတဲ့ကုန်ခြောက်တွေလည်း လိုအပ်ပါတယ်။ နေ့စဥ်နဲ့အမျှကျွေးမွေးနေရတော့ ရေရှည်ရပ်တည်ဖို့လုပ်ဆောင်နေရတယ်။ အွန်လိုင်းကနေလှူပေးတဲ့ အလှူရှင်တွေလည်း ရှိပါတယ်။ လုံလောက်တာမျိုးတော့ မရှိသေးပါဘူး။ အဲဒါကြောင့်ကလေးတွေအတွက် အာဟာရအလှူရှင်တွေ အထူးလိုအပ်နေတာပါ" လို့ ဆရာတော်က မိန့်ပါတယ်။

မိဘမဲ့ကလေးသီးသန့် ကျား/မ ၂၀၀ ကျော်ရှိပြီး တခြား စွန့်ပစ်တာ၊ လာရောက်အပ်နှံတာနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသား၊ မသန်စွမ်းကလေးငယ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

၂၀၁၆-၁၇ ခုနှစ်က နယ်မြေမအေးချမ်းတဲ့ ရှမ်း၊ ပလောင်၊ ရခိုင်တို့က တိုင်းရင်းသားကလေးငယ်တွေကိုလည်း ပညာသင်ပေးထားပြီး KG တန်းကနေတက္ကသိုလ်တက်တဲ့အရွယ်ထိ ကျွေးမွေးထားတယ်လို့ မိန့်ပါတယ်။



လက်ရှိအနေနဲ့ မိဘမဲ့ကလေးနဲ့ ၊ ဘုန်းတော်ကြီးသင်ပညာရေးကလေးဆိုပြီး ရှိကာ အဟာရအလှူရှင်များအနေနဲ့ နံနက်စာ -၂ သိန်းကျပ်၊ နေ့လယ်စာ - ၃ သိန်းကျပ်၊ ညနေစာ - ၁ သိန်း ၅ သောင်းကျပ်တို့ကို လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10