ပေါက်နယ်က ရေနံမြေရဲ ၂ ဦးကို PDF က လက်နက်တွေနဲ့အရှင်ဖမ်းမိ

ပေါက်နယ်က ရေနံမြေရဲ ၂ ဦးကို PDF က လက်နက်တွေနဲ့အရှင်ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သားကြီးတောင်ရေနံမြေစခန်းမှာ အထိုင်ချထားတဲ့ ရဲတပ်ကြပ်နဲ့ ရဲတပ်သားတို့ကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အဆိုပါ ရဲတပ်သား ၂ ဦးဟာ ဒီဇင်ဘာ ၈ ရက် မနေ့ မနက် ၉ နာရီကျော်က အဆိုပါရဲစခန်းအနီး ပေါက်နဲ့ ပခုက္ကူနယ်အစပ် တောတွင်းတနေရာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

“ဟင်းစားရှာထွက်လာတာလို့ သိရတယ်။ ကျနော်တို့ ကင်းပုန်းနဲ့တွေ့လို့ ဝိုင်းဖမ်းခဲ့တာ။ ပြန်ခုခံတာမျိုးမရှိဘူး၊ အေးအေးဆေးဆေးပဲ အဖမ်းခံတယ်။ အဲ့ဒီအတွက် ကျနော်တို့ဘက်ကလည်း သူတို့ကိုကောင်းကောင်းမွန်မွန်ထားပေးထားပါတယ်”လို့ Dog Killer Task Force တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီရမိ ရဲ ၂ ဦးဆီကနေ  BA 63(G 3) သေနတ် ၂ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၃၀၀ တောင့်၊ ဓား ၂ ချောင်း၊ လက်ထိပ် ၁ ခု၊ ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ရဲ ၂ ဦးအနက်မှ ရဲတပ်ကြပ်အဆင့်ရှိသူဟာ သားကြီးတောင်ရေနံမြေစခန်းကိုရောက်ရှိနေတာ ၁ နှစ် ကျော်ရှိပြီဖြစ်ပြီး ရဲတပ်သားကတော့ အဆိုပါ ရေနံမြေစခန်းကို ပြောင်းရွှေ့လာတာ လပိုင်းသာ  ရှိသေးတယ်လို့လည်း သိရပါတယ်။

အခုလက်ရှိမှာ သူတို့ ၂ ဦးကို ကောင်းမွန်စွာထားရှိထားပြီး ဂျီနီဗာကွန်ဗန်းရှင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပေါက် #ရေနံမြေရဲ #တပ်ဖွဲ့ဝင်၂ဦး #ဖမ်းဆီရမိ #စစ်သုံ့ပန်း #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10