ပေါက်နယ်မှာ စစ်ယာဉ်တန်း မိုင်း ၃ ကြိမ်ဆွဲခံရလို့ ၅ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူများ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်း ၃ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ဆီက သိရပါတယ်။

ယမန်နေ့ ဧပြီ ၁၈ ရက် ညနေ ၄ နာရီကနေ ၅ နာရီကြားဝန်းကျင်အတွင်း ကမ္မမြို့ မန်းကျည်းသုံးပင်နားအရောက် မိုင်း ၃ ကြိမ်ဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ များပြားနိုင်တယ်လို့ ပကဖ မြိုင်မြို့နယ် တာဝန်ခံကပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပခုက္ကူ တပ်မ ၁၀၁ ကဖြစ်ပြီး ကားအစီး ၇၀ နဲ့ အင်အား ၃၀၀ ဝန်းကျင်ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီယာဉ်တန်းဟာ ကမ္မမြို့ကို ရောက်ရှိသွားပြီဖြစ်ပြီး မိုင်းဆွဲဗုံးကြဲချတိုက်ခိုက်မှုကို Leopard Guerrilla Force၊ PDF Kamma(ကမ္မ တပ်ပေါင်းစု)၊ ဗိုလ်စနေအဖွဲ့ /KMDF(ကမ္မ တပ်ပေါင်းစု)၊ Red Giant(RG)၊ မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကမ္မ #စစ်ယာဉ်တန်း #မိုင်းဆွဲတိုက်ခိုက် #ကမ္မတပ်ပေါင်းစု #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10