ပေါက်မြို့က စီးနင်းခံရတဲ့ PDF စခန်းနှစ်ခု ပြန်တည်ဆောက်ဖို့ ငွေကြေးအခက်အခဲဖြစ်နေ

ပေါက်မြို့က စီးနင်းခံရတဲ့ PDF စခန်းနှစ်ခု ပြန်တည်ဆောက်ဖို့ ငွေကြေးအခက်အခဲဖြစ်နေ

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ PDF စခန်းတို့ကို ငွေကြေးအခက်အခဲရှိလို့ ပြန်လည်မတည်ဆောက်နိုင်ဘဲ ဖြစ်သလိုနေထိုင်နေရတယ်လို့ သိရပါတယ်။

မတ်လအတွင်းမှာ ပျူစောထီးတွေလမ်းပြပေးလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ရာ မတ်လ ၇ ရက်နေ့မှာ ပေါက်မြောက်ပိုင်းကာကွယ်ရေးအဖွဲ့၊ မတ်လ ၁၀ ရက်နေ့မှာ PDF Pauk တပ်ရင်း-၄ တို့ရှိရာ စခန်းတွေနဲ့ လက်နက်ခဲယမ်းတချို့ မီးရှို့ဖျက်စီးခံလိုက်ရတာလို့ ပြောပါတယ်။


"စခန်းဆောက်ဖို့က ငွေအခက်အခဲရှိနေတာပါ။ ပြည်သူတွေက ဒုက္ခရောက်နေတော့အကူ အညီမတောင်းချင်တာလည်းပါတယ်။ ဖြစ်သလိုပဲအဆင်ပြေတဲ့နေရာမှာ နေနေရတယ်။ စခန်းပြန်ဆောက်ဖို့အတွက် ကြိုးစားနေကျတယ်” လို့ ပေါက်မြောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လရောင်က ဧပြီလ ၄ ရက်နေ့က ပြောပါတယ်။

စစ်ကောင်စီဘက်က လေယာဥ်လာပစ်တာ၊ စစ်ကြောင်းထိုးဝင်လာတာတွေလည်းရှိနေလို့ တပ်ဖွဲ့အနေနဲ့ ပြည်သူတွေကို ဘေးလွတ်ရာကိုကူညီခေါ်ထုတ်တာ၊ ညပိုင်းလုံခြုံရေးယူပေးတာ၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူပေါင်းတိုက်ခိုက်တာတွေ လုပ်နေပါတယ်လို့ သူကဆိုပါတယ်။

PDF Pauk-တပ်ရင်း-၄ အနေနဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲတွေတိုက်ခိုက်နေပြီး၊ ငွေကြေးအခက်ရှိတဲ့အတွက် ပြန်လည်မတည်ဆောက်ဖြစ်သေးတာလို့ အဲဒီအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10