ပျူစောထီးခေါင်းဆောင်အိမ် ဝင်စီးနင်းရင်း PDF ဘက်မှ ကျောင်းဆရာတဦးအပါ ၂ ဦး ကျဆုံး

ပျူစောထီးခေါင်းဆောင်အိမ် ဝင်စီးနင်းရင်း PDF ဘက်မှ ကျောင်းဆရာတဦးအပါ ၂ ဦး ကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တောင်ဘက်ခြမ်းက၊ ကိုင်းရွာမှာရှိတဲ့ ပျူစောထီးခေါင်းဆောင်ရဲ့အိမ်ကို ဝင်ရောက်စီးနင်းချိန် အပြန်လှန်ပစ်ခတ်မှုဖြစ်ပြီး ၂ ဖက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ  ၂ ရက် မနေ့က မနက် ၉ နာရီ ၄၅ မိနစ်က တိုက်ခိုက်ဖို့သွားချိန် တောင်ယာလုပ်နေတဲ့ ပျူစောထီးတွေက တွေ့ပြီး သတင်းဦးအောင် ပေးလိုက်နိုင်လို့ တဖက်က ပြင်ဆင်ချိန်ရသွားကာ အပြန်လှန်ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ကျတော်တို့က ဥက္ကဌအိမ်ကို အတင်းဝင်ပစ်ပြီး ဝင်စီးပြီးသွားပြီ။ အိမ်ထဲကဟာတွေလည်း အကုန်ငြိမ်သွားပြီ။ အဲ့အချိန်အိမ်အပြင်ဘက် အိမ်သာဘက်က ပစ်တဲ့ကျည်က ကလေး ၂ ယောက် မှန်သွားတာ။ အဲ့ပစ်တဲ့ဘက်ကို နောက်ကပတ်ဝင် သံပုရာသီး ၂ လုံး ပစ်ထည့်ပြီး ကလေးတွေကို ကယ်ဖို့ပြန်တက်ချိန် ကျဆုံးသွားကြပြီ” လို့ MGN Tiger အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် MGN Tiger 2 အဖွဲ့က ‌ကျောင်းဆရာလည်းဖြစ်တဲ့ ရဲဘော် အံ့ကျော် ၂၆ နှစ်က ဘယ်ဘက်ရင်အုံနဲ့ ဗိုက်ကိုကျည်ထိမှန်ကာ ကျဆုံးခဲ့ပြီး  ရဲဘော်ဇင်ကို အသက်၂၃ နှစ်ကတော့ လည်ပင်းသွေးကြောကို ထိမှန်ကျဆုံးခဲ့ကာ MA 1 တလက်၊ 380 အတိုတလက်လည်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း ပျူစောထီးတယောက် ပါးစပ်ကနေ ကျည်ဖောက်ထွက်ပြီး၊ တယောက်က ရင်ဆုံကိုမှန်ကာ ဥက္ကဌ ဦးအေးနိုင်ကိုလည်း ၄ ချက်ပစ်ခဲ့နိုင်လိုက်ပြီး သေဆုံးစာရင်းကတော့ လက်တလော တယောက် အတည်ပြုထားနိုင်ပြီဖြစ်ကာ ဆေးရုံမှာ ကုသနေကြဆဲမို့ ထပ်တိုးမသိရသေးဘူးလို့ ဆက်ပြောပါတယ်။

အဲဒီ ကိုင်းရွာဟာ ပျူစောထီးအများစုရှိတဲ့ ရွာဖြစ်ပြီး လက်နက်တွေလည်း ရထားပြီးသားဖြစ်ကာ၊ တိုက်ခိုက်မှုကို  Tiger 1၊ Tiger 2နဲ့ ကျွဲညိုအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10