ပျူစောထီးတဦးကိုဝင်ဖမ်းရာ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာက သေဆုံး

ပျူစောထီးတဦးကိုဝင်ဖမ်းရာ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာက သေဆုံး

မန္တလေးတိုင်း မြင်းခြံမြို့နယ် အမှတ်၁၇ရပ်ကွက်က ပျူစောထီးတဦးကို PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းချိန်မှာ ပစ်ခတ်ဖမ်းဆီးခဲ့ရလို့ သေဆုံးသွားတယ်လို့ Freedom Fighter Guerrilla Force (FFGF) အဖွဲ့ဆီက သိရပါတယ်။

မြင်းခြံမြို့နယ် အမှတ် ၁၇ရပ်ကွက်က အသက် ၄၀ကျော် ထွန်းထွန်(ခ) ငထွန်းဆိုသူဟာ မြင်းခြံမြို့နယ် နတ်ထားရွာကို ရောက်နေတယ်သတင်းရလို့  မေလ ၁ရက် ညနေ၅နာရီကျော်မှာ ဝင်ရောက်ဖမ်းဆီးချိန် ထွက်ပြေးသွားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ FFGF မိုင်းနဲ့ဖောက်ခွဲရေးတာဝန်ခံက ပြောပါတယ်။

"ဘိလိယက်ခုံမှာ ကြူထိုးနေတယ်သတင်းရလို့ ဝင်ဖမ်းတော့၊ ဘေးမှာလည်းတခြားပြည်သူတွေကလည်း ကြူထိုးနေတာရှိတယ်။ အကုန်လုံးကို ဝင်းလျားမှောက်ခိုင်းတာ သူကမမှောက်ဘူး  မမှောက်ဘဲနဲ့ ထွက်ပြေးတယ်၊ နောက်ကနေရဲဘော်တွေက ပစ်ဖမ်း လိုက်ဖမ်းတော့ မိတယ်။ " လို့ မိုင်းနဲ့ဖောက်ခွဲရေးတာဝန်ခံက ပြောပါတယ်။ 

ပစ်ခတ်ဖမ်းဆီးပြီးနောက် ငထွန်းဆိုသူရဲ့ အိတ်ကို စစ်ဆေးကြည့်ရာမှာ ကာဘိုင်ကျည်၂၀ ကျော်နဲ့ ကပစထုတ် 7.62 ကျည် ၁တောင့်အပါအဝင်ဖုန်းနဲ့ ငွေအချို့သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

ပျူစောထီး ထွန်းထွန်း(ခ) ငထွန်းဟာ မြင်းခြံမြို့နယ်အမှတ် ၁၇၊၁၈ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းကာ သေနတ်ကိုင်ပြီး ပြည်သူတွေကို ဖိနှိပ်ဆက်ဆံတာတွေရှိလို့ တိုင်ကြားမှုအရ စောင့်ကြည့်လေ့လာကာ အခုလို ပစ်ခတ်ဖမ်းဆီးခံရစဥ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

" NLD ထောက်ခံတဲ့ သူတွေကို ရိုက်တာတွေရှိပါတယ်၊ သူက စကစ အားကိုးနဲ့ မြင်းခြံ အမှတ် ၁၇ ၁၈ မှာဆိုးနေတာပါ။ သူ့ကို ချောင်းနေတာ ကြာပြီ မသေချာမှာစိုးလို့၊ ကာဘိုင်ကတော့ ဘယ်ထားခဲ့လည်းမသိဘူး။ အခုက ချောင်တဲ့အချိန် ဝင်လုပ်ရတာမလို့ သူ့ဖုန်းနဲ့ အိတ်ထဲက ကာဘိုင် ကျည်တွေပဲ ရခဲ့တယ်။" လို့ ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ မြင်းခြံမြို့ပေါ်က စစ်ကား ၂စီးရောက်လာပြီး နတ်ထားရွာဝန်းကျင်မှာ ကင်းပုန်းတွေချထားခဲ့ပေမယ့် ငထွန်းရဲ့ အလောင်းကို ကောက်သွားလားဆိုတာကို မသိရဘူးလို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို  Freedom Fighter Guerrilla Force (FFGF) နဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ Anyar Federal Task Force(AFTF)နဲ့ ပြည်ချစ်သား ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

#မြေလတ်အသံ 

 #မြင်းခြံ #ပျူစောထီး #သတင်း #မြင်းခြံသတင်း #ကာဘိုင် စကစ #FreedomFighterGuerrillaForce #FFGF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10