ပျူစောထီးသင်တန်း အတင်းအကျပ်တက်ခိုင်းတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ပျူစောထီးသင်တန်း အတင်းအကျပ်တက်ခိုင်းတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ နဘဲကန်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၂၄ ရက် မနက် ၃ နာရီခွဲလောက်မှာ ပစ်ခတ်ခဲ့တယ်လို့ Wundwin Township Revolution Force က ထုတ်ပြန်ထားပါတယ်။

အုပ်ချုပ်ရေးမှူးဦးကျော်ရှိန် ဟာ နဘဲကန်ရွာကိုထဲကို ဆိုင်ကယ်နဲ့ မောင်းနှင်းလာချိန် အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့မှ သေနတ်အတို ၃ သုံးချက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“သူက တယောက်တည်း ဆိုင်ကယ်မောင်းနေတာ ခုခံချိန်မရလိုက်ဘူး။ ကျနော်တို့ သူ့ကို ၂ ချက်ပစ်တယ်။ အပစ်ခံရပြီး ဆိုင်ကယ်ယိုင်ပြီး ရှေ့ကနွားလှည်းကိုဝင်တိုက်တယ်။ ပြီးတော့ နွားကြားထဲရောက်သွားတယ်။ နောက်တချက် ကျနော်တို့ထပ်ပစ်ခဲ့တယ်” လို့ Wudwin Township Revolution Force အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

အခုလက်ရှိအချိန်မှာတော့ ဦးကျော်ရှိန်ဟာ မိတ္ထီလာစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဦးကျော်ရှိန်ဟာ ကျေးရွာတွင်းပြည်သူတွေဆီကနေ ငွေကြေးအဓမ္မ တောင်းခံတာ၊ ပြည်သူတွေမတက်ချင်တဲ့ ပျူစောထီးသင်တန်းကို  အတင်းအကျပ် တက်ရောက်ခိုင်းတာ၊ လျှပ်စစ်သွယ်တန်းကြေးများကို ကောက်ခံတာတွေလည်း ပြုလုပ်လေ့ရှိတဲ့အပြင် သူ့ကြောင့်ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ Wudwin Township Revolution Force အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကလည်း သာစည်မြို့နယ် ၊မြောင်ဦးကျေးရွာတောင်ဘက်တံတားအနီးမှာ စစ်ကောင်စီတပ်သားတွေ နဲ့ WTRF အဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး သွားခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မန္တလေးတိုင်း #မိတ္ထိလာခရိုင် #ဝမ်းတွင်း #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ပျူစောထီး #ဆက်ကြေး #ဒေသခံပြည်သူလူထု #တော်လှန်ရေးအင်အားစု #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10