ပျူရွာမှာ သောက်စားမူးယစ်နေတယ်သတင်းရလို့ လက်နက်ကြီးအလုံး ၇၀ ကျော်နဲ့ သွားပစ်( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက အင်အား ၄၀ကျော်ရှိတဲ့ ရွာသာရွာ ပျူစောထီးစခန်းကို တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၃၀ရက် နေ့လယ် ၁နာရီခွဲလောက်က စတင်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိလို့ တိုက်ပွဲကြာချိန် တနာရီကျော်လောက်ရှိခဲ့တယ်လို့ Shwebo Federal Army တာဝန်ရှိသူတဦးက ဆိုပါတယ်။

ရွာသာရွာမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတာ ၂ နှစ်နီးပါးရှိပြီဖြစ်ကာ စခန်းမှာရှိတဲ့ တပ်သားတွေကတော့  စစ်ကြောင်းကြီးတွေလာမှသာ ဘေးပတ်ဝန်းကျင်ရွာတွေကို သွားလာရဲတယ်လို့ သိရပါတယ်။

“ကာကွယ်ရေးအဖွဲ့အစည်းတွေကလည်း ရွာနားထိ ရှိနေကြတော့ ပျူခြံထဲကနေ အပြင်ထွက်လို့မရကြဘူး၊ သူတို့(ပျူစောထီး)ကို အကျယ်ချုပ်သဘောမျိုးနဲ့ ဝိုင်းပြီး ထိန်းချုပ်ထားနိုင်တယ်၊ အပြီးပိုင်ထိန်းနိုင်တာမဟုတ်ပေမယ့် ရွာထဲနဲ့ အနားက စခန်းလောက်ပဲသွားလို့ရတယ်၊ ဘေးပတ်ဝန်းကျင် ဘယ်ကိုမှထွက်လို့မရဘူး"လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မိကျောင်းအဖွဲ့ ၊ Shwebo Federal Army SBFA ၊ snake eyes၊ ဒေါင်းမာန်-LPDF၊ ဒေါင်းစစ်သည်-LPDF၊ မဟူရာ ရွှေဘိုသား၊ ခွပ်ဒေါင်းဖိုက်တာ-LPDF၊ သမန်းကျား-LPDF၊ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေး-SBO၊ ရွှေဘိုခရိုင် တပ်ရင်း-၄ တပ်ခွဲ-၂ စတဲ့ တိုက်နယ်၅ နဲ့ တိုက်နယ်၂က မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

တည်းဖြတ်-ဇို

#မြေလတ်အသံ

#ရွှေဘို #ပျူ‌စောထီး #လက်နက်ကြီး #ပစ်ခတ်တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10