ပြန်မဆုံနိုင်တော့တဲ့ မိသားစုတွေ (အသံလွှင့်ဆောင်းပါး)

ဆောင်းပါးရှင် - ချယ်ရီ

ပစ်ခတ်ခံရလို့ ကျဆုံးခဲ့တဲ့ ရဲဘော် ၁၂ ဦးထဲမှာ နေ့နေ့ညည မျှော်နေခဲ့ရတဲ့ အန်တီကြီးရဲ့ သားဖြစ်သူလည်း ပါသွားခဲ့ပါတယ်။

သိသိချင်း မျက်လုံးထဲပြေးမြင်မိတာက ကတ်ထူစက္ကူပေါ်မှာ အကိုဖြစ်သူပြန်လာမယ့်ရက်ကို ချရေးပြီးတွက်နေတဲ့ ညီမငယ်လေးပါ။ 

ပြီးတော့ သားဖြစ်သူအတွက် မိုးလင်းမိုးချုပ် ဘုရားစာရွတ်နေတဲ့ အမေအိုကြီး၊ အကိုဖြစ်သူပြန်လာရင် စစ်သားတွေကို အကောင်းတိုင်းကျန်နေတဲ့ လက်တဖက်နဲ့ ရအောင်တိုက် မယ်ဆိုပြီး အားခဲထားတဲ့ ညီဖြစ်သူရဲ့မျက်နှာ။ 

သူတို့ရဲ့ မျက်နှာတွေကို ပြေးမြင်ပြီး ကျမ တနေ့လုံး ငိုနေမိတယ်။

သူတို့သားအမိရဲ့ ဖုန်းနံပါတ် ကျမမှာရှိပေမယ့် ဖုန်းမဆက်ရဲဘူး။ သူတို့အဆင်ပြေပါစေလို့ပဲ ဆုတောင်းရင်း သူတို့သားအမိသတင်းတွေကို နားစွင့်နေမိတယ်။ 

အခုနောက်ပိုင်း ပြန်ကြားရတာကတော့ .........

အသံ - လှိုင်း ၊ တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#ဆောင်းပါး #အသံလွှင့်ဆောင်းပါး #စစ်ဘေးရှောင် #တော်လှန်ရေး #မိသားစု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10