ဖောင်းပြင်မှာ လေကြောင်းနဲ့ပစ်လို့ ၃ နှစ်အရွယ် ကလေးတဦးသေဆုံး

ဖောင်းပြင်မှာ လေကြောင်းနဲ့ပစ်လို့ ၃ နှစ်အရွယ် ကလေးတဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ အနောက်ခမိုင်းရွာကို စစ်ကောင်စီကလေကြောင်းနဲ့ ပစ်ခတ်လို့ အသက် ၃ နှစ်အရွယ် ကလေးတဦးသေဆုံးပြီး တဦး စိုးရိမ်ရတဲ့အနေထားမှာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၂ နာရီလောက်မှာ တိုက်ပွဲမဖြစ်ဘဲ မြို့နဲ့ ၁၄ မိုင်လောက်ဝေးတဲ့ အနောက်ခမိုင်းရွာကို ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

“စာသင်ကျောင်းမှာက ၂ လုံး၊ ရွာမထဲမှာက ၃ လုံး၊ ဗုံး ၅ လုံးချသွားတယ်၊ အဲ့မှာ ကလေးမလေး ၂ ယောက်ထိတာ၊ တယောက်က ပွဲချင်းပြီးဆုံးသွားတယ်၊ အကြီးမလေးကလည်း ၅၀/၅၀အခြေနေမှာ ရှိနေတယ်။”လို့ ခမိုင်းရွာအနီးမှ ဒေသခံတဦးက ပြောပါတယ်။

လေကြောင်းပစ်ခတ်ချိန် ဗုံးစထိမှန်ပြီး အသက် ၃ နှစ်အရွယ် ကလေးမလေးတဦး သေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် အမဖြစ်သူကလည်း အသက်အန္တရာယ်စိုးရိမ်နေရကာ သေဆုံးကလေးမလေးရဲ့ နာရေးကိုတော့ ဒီဇင်ဘာ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ တတိယပတ်အတွင်း ဟုမ္မလင်း-ဖောင်းပြင်တဝိုက် လေကြောင်းနဲ့ ပစ်ခတ်ခံရလို့ ဟုမ္မလင်းမြို့နယ်၊ သုတိသာကျေးရွာက စစ်ရှောင်ပြည်သူ ၅ ဦးခန့် သေဆုံးပြီး၊ တအောင်း-သက္ကယ်ကျင်းရွာက ကားသမားတဦးလည်း ဗုံးစထိမှန် ဒဏ်ရာရကာ နွား ၇ကောင် လည်း သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဖောင်းပြင် #စစ်ကောင်စီ #လေကြောင်းတိုက် #ကလေးတဦးသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10