ဘုတလင်မှာ စစ်ကောင်စီတပ်သား ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

ဘုတလင်မှာ စစ်ကောင်စီတပ်သား ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ စျေးလာဝယ်တဲ့ စစ်ကောင်စီတပ်သားတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ဒီဇင်ဘာ ၆ ရက် ဒီမနက် ၆ နာရီလောက်မှာ ဘုတလင်မြို့နယ်ထွေအုပ်ရုံးက ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ဘုတလင်မြို့မြောက်ဘက်ရှိ အထက(၁)စာသင်ကျောင်းအနီးမှာ ကာကွယ်ရေးတပ်တွေကဖမ်းဆီးစဥ် ခုခံတဲ့အတွက် ပစ်ခတ်ရာက သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

“သူအရပ်ဝတ်နဲ့ ထွက်လာခဲ့တာ။ ကျနော်တို့ အဖမ်းခံဖို့ပြောတယ်။ သူအဖမ်းမခံဘူး။ အဲ့မှာ ပစ်ခတ်မှုဖြစ်ပြီးတော့ သေဆုံးသွားတာပဲ” လို့ ဘုတလင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားဆီကနေ MA 3 ၁ လက်၊ ကျည်အပြည့်ထည့်ထားတဲ့ ကျည်ဘောက် ၃ ခု (စုစုပေါင်း ကျည် ၁၀၀)နဲ့ လက်ပစ်ဗုံး ၁ လုံးတို့ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး ဘုတလင်မြို့ထဲမှာ သေနတ်ပစ်ဖောက်ကာ ဆဲဆိုကြိမ်းမောင်းတာမျိုးတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်မှာ ဘုတလင်မြို့ ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၁၅ ဦး အပါအဝင် ကျန်းမားရေးလုပ်သား အားလုံးနီးပါးက ဆေးရုံကိုမလာတဲ့အတွက် အဲ့ဒီနေ့မှာပဲ စစ်ကောင်စီတပ်သားတွေက ဆေးရုံကို လာရောက်ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #စစ်ကောင်စီတပ်သား #ပစ်ခတ်ခံရ #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10