မကွေးမြို့ပေါ်မှာ ညအချိန်သေနတ်ပစ်ဖောက်မှုတွေကြောင့် မြို့ခံတွေထိတ်လန့်နေ

မကွေးမြို့ပေါ်မှာ ညအချိန်သေနတ်ပစ်ဖောက်မှုတွေကြောင့် မြို့ခံတွေထိတ်လန့်နေ

မကွေးမြို့ပေါ်မှာ စစ်ကောင်စီတပ်က ညပိုင်းအချိန် သေနတ်ပစ်ဖောက်ခြောက်လှန့်မှုတွေ လုပ်ဆောင်နေလို့ ထိတ်လန့်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။၏

မကွေးဘူတာရုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က မနေ့ည ၁၁ နာရီခွဲအချိန်ခန့်မှာ လက်နက်ငယ် အချက်ရေ ၂၀ ခန့် သေနတ်ပစ်ဖောက်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ ဘူတာရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကပစ်တာ။ ဘာကိုပစ်တာလဲတော့ မသိဘူး။ ဒီတိုင်း ခြောက်လှန့်ပစ်တာလို့လည်း ပြောကြတယ်။ ညဉ့်နက်မှဆိုတော့ ဘာဖြစ်တယ်ဆိုတာ သေချာမသိရဘူး” လို့ အောင်မေတ္တာရပ်ကွက်နေ ၊မကွေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီ မကွေးဘူတာမှာ မကွေးလေတပ်က  စစ်ကောင်စီတပ်နဲ့ရဲအင်အား ၁၅ ဦးခန့် တပ်စွဲထားပြီး လူအပြောင်းအလဲ မကြာခဏလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ယမန့်နေ့ည ၁၀ နာရီနောက်ပိုင်းမှာ မကွေးမြို့ မြောက်ဘက်နဲ့ အနောက်တောင်ဘက်တွေက စစ်တပ် တပ်စွဲထားတဲ့နေရာတွေကနေ ၁၅ မိနစ်ခြား ၄ ကြိမ်ခန့် သေနတ်ပစ်ဖောက်သံတွေကြားရတယ်လို့ အခြားမြို့ခံသတင်းရင်းမြစ် ၂ ဦးကလည်း ပြောပါတယ်။

“ ကမ်းနားလမ်းဘက်က တပ်စွဲနေတဲ့နေရာက ပစ်တာလို့လည်း သိရတယ်။ ဟိုနေရာကပစ်လိုက် ဒီနေရာကပစ်လိုက်ပုံစံမျိုး။  ရက်ခြားဆိုသလို ပစ်ခတ်နေတာရှိတယ်။ အပြန်အလှန်ပစ်တာမျိုးမဟုတ်ဘဲ ခြောက်ပစ်တာမျိုး” လို့ အခြားမြို့ခံတဦးက ဆိုပါတယ်။

အလားတူ မကွေးမြို့ပေါ် စစ်တပ်တပ်စွဲထားတဲ့နေရာတွေက နိုဝင်ဘာလဆန်းပိုင်းကစတင်ကာ ညအချိန်တွေမှာ သေနတ်ပစ်ဖောက်မှုတွေ ရက်ခြားဆိုသလို လုပ်ဆောင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မကွေးမြို့ဟာ စစ်ကောင်စီတပ် တပ်မ ၈၈ ဌာနချုပ်၊ မကွေးလေတပ်စခန်းဌာနချုပ်စတဲ့ စစ်ဌာနချုပ်တွေအပါအဝင် တပ်အများအပြားတည်ရှိရာမြို့ဖြစ်ပြီး စစ်တပ်စိုးမိုးတဲ့မြို့တခုလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#မကွေး #စစ်ကောင်စီတပ် #သေနတ်ပစ်ဖောက် #ခြောက်လှန့်မှု #မြို့ခံ #ထိတ်လန့် #တပ်မ၈၈ #မကွေးလေတပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10