မကွေးမှာ ၃ ရက်အတွင်း ဓားထိုးမှု ၂ ကြိမ်ဖြစ်လို့ ၂ ဦးသေပြီး ၄ ဦးဒဏ်ရာရ

မကွေးမှာ ၃ ရက်အတွင်း ဓားထိုးမှု ၂ ကြိမ်ဖြစ်လို့ ၂ ဦးသေပြီး ၄ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မကွေးမြို့၊ ကမ်းနားလမ်းနဲ့ ကျွဲခြံကျေးရွာတို့မှာ ၃ ရက်အတွင်းဓားထိုးမှု ၂ ကြိမ်ဖြစ်ပြီး အမျိုးသား ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"ဓားထိုးမှုက နှစ်မှုဖြစ်တယ်။ တမှုက ရေကစားမဏ္ဍပ်မှာ ရေကစားနေကြရင်းဖြစ်တာ။ နောက်တမှုကတော့ နေအိမ်ခြံဝန်းအတွင်းမှာ ဓားနဲ့လာဝင်ထိုးသွားတာ။ ရန်ငြှိုးကြောင့်  လူသတ်မှုနဲ့ထောင်က ထွက်လာသူက လာထိုးသွားတာ"လို့ ဒေသခံတဦးကပြောပါတယ်။

ဧပြီ ၁၆ ရက် ညနေ ၅ နာရီကျော်က ကမ်းနားလမ်းရှိရေကစားမဏ္ဍပ်တခုမှာ ရေကစားနေသူချင်း စကားများရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ခဲ့ပြီး ဆားရွှေကင်းကျေးရွာနေ မောင်ချစ်သဲ ၃၇ နှစ် နေရာမှာ သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် ကိုသက်ဦးအပါအဝင် ၂ ဦးမှာ စိုးရိမ်ရဒဏ်ရာရခဲ့ပါတယ်။ 

ဒါ့အပြင် ဧပြီ ၁၈ ရက် မနက် ၁ နာရီမထိုးခင်မှာ ကျွဲခြံရွာနေ အသက် ၆၆ နှစ်အရွယ် ဦးသန်းထွန်းကို မိသားစုဝင်တွေအိပ်နေကြချိန်မှာ တရွာတည်းနေ လူသတ်မှုနဲ့ထောင်ကျဖူးသူ ဦးတင်မောင်ဆွေ ၅၄ နှစ်က နေအိမ်ထဲဝင်လာပြီး ဓားနဲ့ခုတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဓားနဲ့ခုတ်ခံရလို့ ရင်ဘက်ဓါးထိဒဏ်ရာနဲ့ ဦးသန်းထွန်းဟာ နေရာတင်သေဆုံးသွားပြီး ဇနီးဖြစ်သူ ဒေါ်ပြုံးချို ၆၆ နှစ်နဲ့ ချွေးမဖြစ်သူ မဝေဝေဦးတို့မှာလည်း ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်စဥ်နှစ်ခုအတွင်း သေဆုံးဒဏ်ရာရခဲ့သူတွေကို ဒေသခံလူမှုကူညီရေးအသင်းတွေက မကွေးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပြီး လူသတ်မှုကိစ္စတွေနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကတော့ လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အလားတူ ဧပြီ ၈ ရက်ကလည်း မကွေးမြို့၊ သင်ကြားရေးဆေးရုံလမ်း၊ အရှေ့ဘက်ခြမ်း၊ ယာတောထဲမှာ “ဏဘယံ” သွေးကူညီမှုအသင်း ဥက္ကဌ ၁ ဦး အသတ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဓါးထိုးမှု #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10