မင်းဘူးနယ်က ဆန်စက်ပိုင်ရှင်အိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၁၀၀ ကျော်နဲ့ ရွှေအချို့ပါသွား

မင်းဘူးနယ်က ဆန်စက်ပိုင်ရှင်အိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၁၀၀ ကျော်နဲ့ ရွှေအချို့ပါသွား

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရေပုတ်ရွာက ဆန်စက်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၁၀၀ ကျော်နဲ့ ရွှေအချို့ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၃ ရက် ည ၇ နာရီကျော်မှာ မင်းဘူး-စကု ကားလမ်းဘေးရှိ ရေပုတ်ရွာက ဆန်စက်ပိုင်ရှင် ဦးဟန်စိန် နေအိမ်ကို လက်နက်ကိုင်လူတစုက ဓားပြတိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"သိရသလောက်က ဓားပြတိုက်ခံရတယ်လို့ သိရတယ်။ သူတို့အိမ်မှာက ကလေးတွေအပါအဝင် လူက ၆ ယောက်လောက်ရှိတယ်။ အကုန်လုံးကြိုးတုပ်ပြီး ပစ္စည်းနဲ့ငွေတွေယူသွားကြတယ်လို့တော့ သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဓါးပြတိုက်သူတွေဟာ ငွေကျပ် သိန်း ၁၀၀ ကျော်နဲ့ ရွှေထည်အချို့ကိုယူဆောင်ပြီး လူတွေကိုတော့ ဘာမှမလုပ်ဘဲ မင်းဘူး-စကုသွားကားလမ်းအတိုင်း ပြန်ထွက်သွားကြတယ်လို့ ဆိုပါတယ်။ 

မတ် ၅ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ စိတ္တသုခလမ်းနဲ့ ငွေသော်တာလမ်းဆုံနေရာမှာ ပရီမီယာကော်ဖီကုမ္မဏီကား ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၅၇၀ ကျော်ပါသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မင်းဘူး #ဓါးပြတိုက် #ကျပ်သိန်း၁၀၀ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10